NewsPolitic

AA နဲ့အတူ စစ်ကောင်စီကို အဆုံးစွန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်တပ်မတော် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ချင်းပြည်သူ့ကောင်စီ/ချင်းပြည်တပ်မတော်က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပတယ်။

ချင်းပြည်သူ့ကောင်စီ/ချင်းပြည်တပ်မတော် အနေနဲ့ မိမိတို့ရဲ့ သွေးချင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (ULA/AA) နဲ့အတူ လက်တွဲပြီး စစ်ကောင်စီကို အဆုံးစွန်အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ရှိ လူမျိုးဘာသာမရွေး ဈေးရောင်းဝယ်ဖောက်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များနဲ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိနေကြောင်း သိရှိရပါတယ်။

စစ်ရေးနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားပြည်သူများ ဈေးဝယ်ထွက်နေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကို ချင်းပြည်သူ့ကောင်စီ/ချင်းပြည်တပ်မတော်က အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

ရက္ခိုင်ပြည်သူ တစ်ရပ်လုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ စစ်ကာင်စီတပ်ရဲ့ အောက်တန်းကျတဲ့ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

Rakhita Times

မာန်အောင်ကနေ ရန်ကုန်ကို လေယာဉ်လက်မှတ်ခ ၁၅ သိန်းထိ ပေါက်နေ

Rakhita Times

ရန်ကုန် – ပုသိမ်လမ်းပိုင်းမှာ ၅/ နဲ့ ၁၁/ တွေကို အစစ်အဆေး တင်းကြပ်နေ

Rakhita Times

Leave a Comment