NewsPolitic

ဧရာဝတီတိုင်းကို AA ထိုးစစ်ဆင်လာနိုင်၍ အမြောက်တပ်စခန်းအခိုင်အမာ တည်ဆောက်နေ

အာရက္ခတိုင်းမ်စ် (၁၃ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့မကျရေးအတွက် စစ်ကောင်စီတပ်က အမြောက်တပ်စခန်းတည်ဆောက်နေပြီး ခံစစ်ပြင်ဆင်နေသလို ဂွမြို့ကျပြီးနောက် ဧရာဝတီတိုင်းကို အာရက္ခတပ်တော် ထိုးစစ်ဆင်လာနိုင်တာကြောင့်် ဗေဒါစခန်းအနီးတွင်လည်း အမြောက်တပ်စခန်းတစ်ခုကို အခိုင်အမာတည်ဆောက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဂွမြို့မကျစေရေးအတွက် မြို့သစ်ဘောလုံးကွင်း နဲ့ လေယာဉ်ကွင်းကြားမှာ အမြောက်တပ်စွဲထားပြီး မင်းတောင်ပေါ်တွင် လက်နက်ကြီးတပ်ဆင်ကာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

ထို့အတူ ဂွ-ငသိုင်းချောင်းကားလမ်းပေါ်ရှိ ဗေဒါစခန်းအနီးတွင်လည်း အမြောက်တပ်စခန်းတစ်ခုကို အခိုင်အမာတည်ဆောက်နေပြီး ဂွမြို့ကျပါက ဧရာဝတီတိုင်းကို ဆက်လက် ထိုးစစ်ဆင်နိုင်တာကြောင့်လို့ သိရပါတယ်။

“မနေ့ကဆို အလယ်ရွာကမ်းနားဘက်လည်း စစ်သားတွေ (စစ်ကောင်စီ) မီးရှို့လို့ မီးလောင်နေတာ အတိုင်းသားမြင်နေရတယ်။ သွားလည်း မကြည့်ရဲဘူး။ ဖုန်းလည်း ဆက်မရတော့ ဘာဖြစ်မှန်း သေချာမသိရဘူး ဖြစ်နေတယ်” လို့ ဂွမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဂွမြို့အဝင်နားတွင် တည်ရှိသော မကျေးငူတံတားကိုလည်း စစ်ကောင်စီက မိုင်းထောင်ထားပြီး တံတားထိပ်တွင်လည်း ခံစစ်ပြင်ဆင်နေကြောင်း သိရပါတယ်။

ရက္ခိုင်ပြည် ဂွမြို့ကို စစ်ကောင်စီက အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုရန် မြို့ကို အဝင်အထွက် ဝင်ထွက်ခွင့် ခွင့်မပြုတော့ကြောင်း သိရပါတယ်။

“မြို့ထဲမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေ ကျန်နေသေးတယ်။ ဆေးကုဖို့ ခွင့်တောင်းလည်း ထွက်ခွင့်မပေးဘူး။ ဘယ်သူ့ကိုမှ ပေးမထွက်ဘူးလို့ ပြောလွှတ်လိုက်တယ်” လို့ ဂွမြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဂွမြို့  မြောက်ဘက် ၅ မိုင် အကွာတွင် တည်ရှိသော စည်ပင် နဲ့ ကျောက်ကြီးရွာတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ရေတပ် နဲ့ လေကြောင်း ပစ်ကူမှုများပြုလုပ်ပေးနေကြောင်း သိရပါတယ်။

စစ်ကောင်စီမှ ဂွမြို့ကျစေရေးအတွက် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နဲ့ ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) စတဲ့ တပ်ရင်း ငါးရင်းက အင်အားတွေကို စုပေါင်းပြီး စစ်ကူ ပို့ဆောင်နေကြောင်းလည်း သိရပါတယ်။

Related posts

AA နဲ့ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် SAF လိုလား

Rakhita Times

တောင်ကုတ်တွင် တရက်ထဲ ဆီဆိုင် ၂ ဆိုင် မီးလောင်

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

2 comments

maxispin_u_bcOt မတ် 2, 2026 at 11:20 မနက်

For those seeking an exceptional online gaming experience, us.com](https://maxispin.us.com/) stands out as a premier destination. At Maxispin Casino, players can enjoy a vast array of pokies, table games, and other thrilling options, all accessible in both demo and real-money modes. The casino offers attractive bonuses, including free spins and a generous welcome offer, along with cashback promotions and engaging tournaments. To ensure a seamless experience, Maxispin provides various payment methods, efficient withdrawal processes, and reliable customer support through live chat. Security is a top priority, with robust safety measures and a strong focus on responsible gambling tools. Players can easily navigate the site, with detailed guides on account creation, verification, and payment methods. Whether you’re interested in high RTP slots, hold and win pokies, or the latest slot releases, Maxispin Casino delivers a user-friendly and secure platform. Explore their terms and conditions, read reviews, and discover why many consider Maxispin a legitimate and trustworthy choice in Australia.
The website offers advanced tools for generating unique and engaging text content.

**Features of MaxiSpin.us.com**
As a result, it becomes a vital resource for global marketers and companies.

**Benefits of Using MaxiSpin.us.com**
The platform’s scalability ensures that it meets the needs of users regardless of their size or industry.

Reply
https___ja_puen မတ် 12, 2026 at 6:43 မနက်

Sprawdz poradnik kamera fpv do nauki latania, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Trafny wybor kamery przeklada sie na lepsze doznania podczas pilotowania i lepsze ujecia.

Reply

Leave a Comment