NewsPolitic

ကျောက်တော်ရဲ့ လူနေထူထပ်သော နေရာများကို စကစ ဗုံး ၁၅လုံးနဲ့ တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၅)

ဒီကနေ့ ဇန်နဝါရီလ ၁၁ရက်နေ့ မနက်ပိုင်းက ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရဲ့ ရပ်ကွက်နဲ့ ဈေးအပါအဝင် လူနေထူထပ်တဲ့ နေရာတွေကို အဓိကဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနက် ၉နာရီအချိန်ခန့်က တစ်ကြိမ်၊ ၉နာရိ ၁၀မိနစ်က တစ်ကြိမ်၊ ၉နာရီ ၁၅မိနစ်က တစ်ကြိမ် ၃ကြိမ်တိုင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ကြိမ်အတွင်း ဗုံးအရေအတွက် ၁၅လုံးခန့် ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံးသလို ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်၊

ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှုအရေးအတွက်တွေကို အာရက္ခတိုင်းမ်စ်အနေနဲ့လည်း အတည်မပြုနိုင်သေးပါဘူး။

Related posts

AA ကို အထူးကျေးဇူးတင်တယ်လို့ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) ဆို

Rakhita Times

လူတိုင်းသင်ကြားနိုင်တဲ့ အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်သင့်ဟု ဆို

Rakhita Times

ကလေးမြို့ နဲ့ ချင်းပြည်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းရတဲ့ ဆင်းကဒ်ကို ကျပ် ၅၀၀၀၀ ပေးဝယ်နေရ

Rakhita Times

4 comments

Leave a Comment