NewsPolitic

AA အနေနဲ့ စနစ်ကျတဲ့တပ်ဖွဲ့ဖြစ်အောင် ကူညီပေးလို့ ကျေးဇူးတင်ဂုဏ်ယူတယ်လို့ YDF ပြော

အာရက္ခတိုင်းမ်စ် (၁၂ ဧပြီ ၂၀၂၅)

အာရက္ခတပ်တော်အနေနဲ့ စနစ်ကျတဲ့ တပ်ဖွဲ့ဖြစ်အောင် ကူညီပေးခဲ့လို့ ကျေးဇူးတင် ဂုဏ်ယူတယ်လို့ ယောကာကွယ်ရေးတပ် (YDF) က အာရက္ခတပ်တော်နေ့ ၁၆ နှစ်ပြည့် သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။

“ယောကာကွယ်ရေးတပ် – YDF ကို အာရက္ခတပ်တော်ရဲ့ ညီနောင်မဟာမတ် ပီသစွာ ပံ့ပိုးကူညီ လမ်းညွှန်ပေးမှုများကြောင့် စနစ်ကျတဲ့ တပ်ဖွဲ့၊ ခိုင်မာတဲ့ အမျိုးသားရေး လမ်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် များစွာ ကျေးဇူးတင် ဂုဏ်ယူတယ်” လို့ ယောကာကွယ်ရေးတပ်က ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူတရပ်လုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာရက္ခအိမ်မက်ဟာ အာရက္ခတပ်တော်ရဲ့ ၁၆ နှစ်တာ ကာလအတွင်း မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခိုင်မာပြတ်သားတဲ့ ရက္ခိတလမ်းစဉ် ရင်းနှီးပေးဆပ်မှု များစွာတို့နဲ့ ကြိုးစား တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက် အာရက္ခအိမ်မက် ပန်းတိုင်ကို ချဉ်းကပ်လာနိုင်ပြီလို့လည်း ယောကာကွယ်ရေးတပ် က ဆိုပါတယ်။

အာရက္ခပြည်သူတရပ်လုံး အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တပ်ဖွဲ့ဝင်များနဲ့တကွ မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းလုံခြုံပါစေကြောင်း မိမိတို့ ယောကာကွယ်ရေးတပ် (YDF) က ဆုမွန်ကောင်း တောင်းပါတယ်လို့လည်း ဆိုပါတယ်။

ရက္ခိတလမ်းစဉ်နဲ့ စည်းစနစ်မှန်ကန်တိကျစွာ လျောက်လှမ်းနေတဲ့ အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ အာရက္ခအိမ်မက် အမြန်ဆုံး ပြီးမြောက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပြီး မိမိတို့ ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ အခု ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါတယ်လို့လည်း ပါရှိပါတယ်။

Related posts

တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်တွေမှာ ကုန်ဈေးမတက်

Rakhita Times

တိုက်ပွဲကြားက စစ်ရှောင်ကလေးနဲ့ ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ဦးစားပေး ပညာသင်ပေးနေ

Rakhita Times

စစ်တပ်က စစ်တပ်အလုပ်မလုပ်လို့ နိုင်ငံရေးချွတ်ခြုံကျ

Rakhita Times

1,528 comments

Leave a Comment