NewsPolitic

ကြောင်လျှာနားက ရွေးတုအစိုးရတပ်စခန်းငယ် ၃ ခု AA ထပ်မံသိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၈ ဇွန် ၂၀၂၆)

ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရိုးမအစပ်ရှိ ရွေးတုအစိုးရ တပ်စွဲထားတဲ့ ကြောင်လျှာရွာအနီးက တပ်စခန်းငယ် ၃ ခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ထပ်မံ သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

“ တပ်တော်သိမ်းထားတဲ့ စိုးမိုးတောင်ကုန်းနားက နေရာ ၃ ခုလောက်မှာ တိုက်ပွဲတွေဖြစ်ပြီးတော့ အခုတော့ သိမ်းလိုက်ပါပြီ။ မနေ့က ၁၇ ရက်နေ့က အပြီးသိမ်းလိုက်တာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကြောင်လျှာကျေးရွာနားက စစ်တပ်ရဲ့ စိုးမိုးတောင်ကုန်းလို့ ခေါ်တဲ့ ခြေကုတ်စခန်းကုန်း ၂ ခုကို AA နဲ့ မဟာမိတ်တွေက ဇွန်လ ၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ၁၇ ရက်မှာတော့ တပ်စခန်းငယ် ၃ ခုကို ထပ်မံ သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်တွေမှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ရေကြည်မြို့နယ်မှာတော့ ရွေးတုအစိုးရက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ရေကြည်မြို့နယ်ထဲက ညောင်စု၊ သစ်ဖြူ၊ ဆီဆုံကုန်း၊ ငှက်သိုက်၊ မြတ်တို၊ ယမင်းကူ၊ မအူကန် နဲ့ သီတာကုန်းပြင် စတဲ့ ကျေးရွာတွေမှာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတပ်မတော်သားတွေအတွက် ရိက္ခာဖိုးဆိုပြီး ၁ အိမ်ကို ၂ သောင်း ကောက်ခံနေတယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရဟာ ဇွန်လ ၁၃ ရက်က စတင်ကာ ပုသိမ်ကနေ စစ်ကားတွေပေါ်မှာ အမြောက်တွေတင်ကာ ဇက်ရေယာဉ်နဲ့ ရေကြည်မြို့နယ် စက်ဒေါင့်ကြီးရွာကို ပို့ဆောင်ခဲ့ပြီး ဇွန်လ ၁၄ ရက်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ တပ်ဆင် အထိုင်ချကာ ခုခံနေတယ်လို့ သိရပါတယ်။

Related posts

ဧရာဝတီစစ်မျက်နှာက ဒဏ်ရာရ သေဆုံးတပ်သားတွေကို ပုသိမ်တွင် လုံခြုံရေးယူ မီးသင်္ဂြိုလ်ပေးနေ

Rakhita Times

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

Rakhita Times

ရက္ခိုင် ထွက်ပေါက် မင်းတုန်းကို ရွေးတုက ထိန်းချုပ်နိုင်ရန် ပြင်ဆင်နေ

Rakhita Times

Leave a Comment