NewsPolitic

သံတွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၇ ရက် ည ၉ နာရီဝန်းကျင်မှာ သံတွဲမြို့နယ် ကျောက်ကြီး ကျေးရွာရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေရာ စစ်ဘေးရှောင်စခန်း နဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သံတွဲ မြို့ပေါ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိဘူးလို့ သိရှိပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည် နဲ့ ချင်းပြည်အတွင်းရှိ မြို့နယ်အများအပြားအပါအဝင် တိုင်းစစ်ဌာနချုပ် တစ်ခုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို မကြာခဏ ဆိုသလို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ဧရာဝတီတိုင်းကို AA ထိုးစစ်ဆင်လာနိုင်၍ အမြောက်တပ်စခန်းအခိုင်အမာ တည်ဆောက်နေ

Rakhita Times

သံတွဲနဲ့ ဂွ မြို့နယ်က စစ်သုံပန်း ၇၀ ခန့်ကို AA က ပြန်လွှတ်ပေး

Rakhita Times

စစ်တွေနဲ့ ပေါက်တောကို စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက် ဗုံးလာကြဲ

Rakhita Times

5 comments

Leave a Comment