EnvironmentNewsPolitic

သံတွဲမြို့အနီး ငလျင်လှုပ်ခတ်၊ ပျက်စီးဆုံးရှုံးမှု မရှိ

အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့ပတ်ဝန်းကျင်တွင် ငလျင်ငယ်လှုပ်ခတ်ခဲ့ပြီး အဆိုပါ လှုပ်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၉ မဂ္ဂနီကျူ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ငလျင်စောင့်ကြည့်ရေးဘူမိဒေသအဖွဲ့ (USGS) ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

“လှုပ်တာတော့ လှုပ်သွားတယ်။ ငလျင်ငယ်ဆိုတော့ လှုပ်တယ်လို့ မသိတဲ့သူတွေလည်း မသိကျဘူး။ ဘာထိခိုက်ဒဏ်ရာ ရတာလည်း မရှိဘူး။ ပျက်စီးဆုံးရှုံးမှုလည်း မရှိပါဘူး” လို့ သံတွဲမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီ ၄၄ မိနစ်တွင် သံတွဲမြို့ အရှေ့ဘက်၊ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့ရဲ့ အနောက်ဘက် ၇၆ ကီလိုမီတာအကွာ မြေအောက်အနက် ၅၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း USGS က ထုတ်ပြန်ပါတယ်။

ရက္ခိုင်ပြည်တွင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပထမအကြိမ်အဖြစ် မေ ၁၉ ရက် က စစ်တွေမြို့ အရှေ့တောင်ဘက် ၁၂၉ ကီလိုမီတာအကွာ၊ ရမ်းဗြဲကျွန်းအနီးပင်လယ်ရေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၃ မဂ္ဂနီကျူနဲ့ လှုပ်ခတ်ခဲ့ပါ။

Related posts

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင်တစ်ဦး ထပ်မံသေဆုံး

Rakhita Times

စစ်တွေဒေသခံများ အိမ်တွေကို ဖြိုရောင်းပြီး စားသောက်နေရ(မီးသွေး ၁ အိတ် ၅၀၀၀၀ ကျပ် နဲ့ ဝယ်သုံးနေရ)

Rakhita Times

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ

Rakhita Times

254 comments

Leave a Comment