EducationNewsPolitic

သံတွဲ နဲ့ ဂွမြို့မှာ မြေမြှုပ်မိုင်း ၂၀၀၀ ကျော် AA ရှင်းလင်း

အာရက္ခတိုင်းမ်စ် (၂၀ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲခရိုင်၊ သံတွဲ နဲ့ ဂွမြို့နယ်မှာ အာရက္ခတပ်တော်အနေနဲ့ မြေမြှုပ်မိုင်း ၂၀၀၀ ကျော် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်၊

သံတွဲ နဲ့ ဂွမြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်အပြီးမှာ စစ်ကောင်စီရဲ့ စခန်းများ၊ တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများ၊ တောတောင်များနဲ့ ကားလမ်းဘေးဝဲယာများတွင် အာရက္ခတပ်တော်ရဲ့ စစ်သည်များက မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ မြို့သိမ်းတိုက်ပွဲမဖြစ်ချင်ကတည်းက စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေ နင်းမိလို့ အသက်ဆုံးရှုံးခဲ့ရတာတွေ ခန္ဓာကိုယ်စွန့်လွှတ်ခဲ့ရတဲ့သူတွေ အများကြီးရှိခဲ့တယ်။ အခုလို လိုက်လံပြီး မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝမ်းသာနေကြတယ်” လို့ သံတွဲမြို့ဒေသခံ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ သံတွဲမြို့ကို အပြီးသတ် သိမ်းပိုက်ထားပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ရှိတဲ့ နေရာတွေဆီ ဒေသခံတွေကို ဝင်ရောက်ခွင့် မပြုခဲ့ပေမယ့် မြေမြှုပ်မိုင်းရှင်းလင်းအပြီးမှာ အချို့နေရာတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုနေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိ အာရက္ခတပ်တော်အနေနဲ့ သံတွဲမြို့နယ်တွင် မြေမြှုပ်မိုင်း ၅၀၀ ကျော် နဲ့ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်း ၁၅၀၀ ကျော် ရှင်းလင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စစ်ကျန်လက်နက် အန္တရာယ်ပညာပေး ဆွေးနွေးပွဲများ၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူခြင်း နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ARSA ပြန်ပေးဆွဲခံထားရတဲ့ မွတ်ဆလင် လူငယ် ၁ ဦး ပြန်လွတ်မြောက်လာ

Rakhita Times

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း မြင့်တက်

Rakhita Times

TNLA ဥက္ကဌ ရဲ့ မိခင် ကွယ်လွန်လို့ AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

3 comments

Leave a Comment