NewsPolitic

BPLA သင်တန်းဆင်ပွဲ AA တပ်မှူး တက်ရောက်

အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၅)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဇွန်လ (၇) ရက်က တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အာရက္ခတပ်တော် ရဲ့ တပ်မှူးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ NUG ကျန်းမာရေး နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စစ်ဦးစီးချုပ် နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌ နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူးတို့လည်း တက်ရောက်ခဲ့ပါတယ်။

“မိမိတို့ ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မည်ဖြစ်ကြောင်း အဓိကထားပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်” လို့ သိရပါတယ်။

ထို့အပြင် သင်တန်းဆင်းရဲဘော်များကို လက်နက်များပေးအပ်တပ်ဆင်ခဲ့ပြီး အမှတ် (၂၀၃) စစ်ဒေသအတွက် တပ်ရင်းသစ်တစခုလည်း တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူကနေ ၃ မိုင်အကွာတောင် ဒေသခံတွေ သွားခွင့်မရှိ

Rakhita Times

ရက္ခိုင်တွင် ရွေးကောက်မဖြစ်နိုင်

Rakhita Times

မလေးရှားဝန်ကြီးချုပ် စစ်ကောင်စီနဲ့ NUG တို့ကိုတွေ့ဆုံမှုက ဘာတွေထူးခြားနိုင်လဲ

Rakhita Times

Leave a Comment