BusinessNewsPolitic

AA ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်တွေကို တရုတ်ထံ လွှဲပြောင်း

အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၅)

ရှမ်းပြည်မြောက်ပိုင်း၊ ကျင်စန်းကျော့နဲ့ တရုတ်နယ်စပ်တစ်နေရာတွင် အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖြန့်အလုပ်လုပ်ကိုင်သူ ဝန်ထမ်းတွေကို တရုတ်နိုင်ငံ၊ ရဲဌာနသို့ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဩဂုတ်လ ၆ ရက်၊ မနက် ၁၀ နာရီခွဲခန့်တွင် ကျားဖြန့်အလုပ်ရုံက တရုတ်နိုင်ငံသားဝန်ထမ်း ၁၁ ဦးကို အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) ‌‌ရဲဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲဌာနကို လွှဲပြောင်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ကျားဖြန့်လုပ်သားတွေကို ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ရှမ်းမြောက်နယ်စပ် တောတွင်းတစ်နေရာတွင် အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) က ကင်းလှည့်နေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲဌာန လက်ထောက်ညွှန်ကြားရေးမှူး Li Zheng Chang ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်ရဲ့ မီးနဂါးတပ်တော် FDMR ကို Federal Democratic Army ဟာ “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း လှုပ်ရှားသွားလာနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သံလွင်ခက်

Related posts

ရေကြည်တွင် AA ပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

AA က လူမျိုးတမျိုးအစား တပြည်နယ်လုံး အားထားရသူ ဖြစ်အောင် ကြိုးစားလာနေ

Rakhita Times

မြောက်ဦးမှာ သေဆုံးသူ ၁၃ ဦးအထိ တိုးလာ

Rakhita Times

2 comments

Leave a Comment