NewsPolitic

စစ်ကောင်စီရဲ့ နေဗီတစီး မီးလောင်နစ်မြုပ်

အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ငပလီကမ်းခြေကို ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ နေဗီတစီးဟာ မီးလောင်ပြီး ရေထဲကို နစ်မြုပ်သွားတယ်လို့ သိရပါတယ်။

“ မနေ့က ညနေဖက်မှာ ငပလီဖက်ကနေ ပြန်လာပြီး ဧရာဝတီတိုင်း ဘောမိဖက်ကို ထပ်ပစ်တာ။ ပစ်ရင်းနဲ့ မီးလောင်သွာတာ။ မီးလောင်တာနဲ့ ဆက်သွားတာ၊ နံ့သာကျွန်းလောက်မှာ မြုပ်သွာတယ်” လို့ ဧရာဝတီတိုင်း ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ နေဗီဟာ ပင်လယ်ကမ်းခြေအတွင်း သွားလာနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရက္ခိုင်ပြည် သံတွဲမြို့နယ်က ငပလီကမ်းခြေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ဧရာဝတီတိုင်း ကျောက်ချွန် နဲ့ ဘောမိကို ဆက်လက်ပြီး လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ နေဗီဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ရင်း မီးလောင်ကာ နစ်မြုပ်ခဲ့ပြီး နစ်မြုပ်ခဲ့တဲ့ နေရာဟာ ကမ်းခြေနဲ့ မီတာ ၆၅၀၀ လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။

Related posts

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

Rakhita Times

ဦးသန်းရွှေခေတ် ရွေးကောက်ပွဲနဲ့ အခုရွေးကောက်ပွဲ ကွာခြား

Rakhita Times

ကျောက်ကလေရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၃ ဦး အထိ ရှိလာ

Rakhita Times

4 comments

Leave a Comment