NewsPolitic

တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရက္ခိုင်ပြည်သူ ၉၂၆ ယောက်သေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ သြဂုတ် ၂၀၂၅)

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရက္ခိုင်ပြည်သူ ၉၂၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့  မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၉၂၆ ယောက်သေဆုံးပြီး ၁၉၅၄ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အ​ပြစ်မဲ့ပြည်သူ ၉၄၇ ယောက်လည်း ဖမ်းဆီးခံထားရတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ဒီကနေ့မှာ ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ ရဲ့ ၁၀ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဦးခိုင်သုခ က “မြေပြင်မှတ်တမ်းအရ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူပေါင်း (၉၂၆) ယောက် နဲ့ ထိခိုက်ဒဏ်ရာရလူပေါင်း (၁၉၅၄) ယောက်၊ ဖမ်းဆီးခံရလူပေါင်း (၉၄၇)ယောက် ရှိနေပြီး ဒီထက်မကလည်း ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့  လေကြောင်း၊ ရေကြောင်းက လက်နက်ကြီး ပစ်ခတ်မှုနဲ့ မီးရှို့ဖျက်စီးခဲ့လို့ လူနေအိမ် (၁၀၅၀၂) လုံး၊ ဘာသာရေး အဆောက်အအုံ (၉၀)၊   စာသင်ကျောင်း (၄၅) ကျောင်း၊ ဆေးရုံ ဆေးခန်း (၁၂) ခု၊ တံတား (၂၂) ခု၊ UN, INGO, NGO ရုံး အဆောက်အအုံ (၃) ခု အပါအဝင် အဆောက်အအုံ စုစုပေါင်း (၁၁၀၀၀) ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိတအိမ်မက် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်တဲ့ AA လို့ ကူကီးကောင်စီပြော

Rakhita Times

ဂွမြို့နယ်က ဆေးကုသစရိတ် မတတ်နိုင်တဲ့ ၈တန်းကျောင်းသားအတွက် အကူညီလိုအပ်နေ

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

597 comments

Leave a Comment