NewsPolitic

ပုဏ္ဏားကျွန်းက ရွာ ၃ ရွာကို စကမဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် ပေါင် ၃၀၀ ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ကြဲချခံလိုက်ရတဲ့ ရွာတွေကတော့ ဆင်အင်းကြီး၊ ကွမ်းတောင် နဲ့ ခမောင်းတော ရွာတွေဖြစ်ပါတယ်။ နေအိမ်တွေတော့ ပျက်စီးတာရှိတယ်။ လူတော့ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိပါဘူး” လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ၆ နာရီ မိနစ် ၂၀ ခန့်မှာ ကွမ်းတောင်ရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး နဲ့ ည ၇ နာရီ မိနစ် ၂၀ ခန့်မှာ ခမောင်းတောရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွမ်းတောင်ရွာက ဦးခင်မောင်နု နဲ့ ဦးမောင်ကျော်ဝင်းတို့ရဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

Related posts

လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးနိုင်ရန် AA လုပ်ဆောင်နေ

Rakhita Times

မန်လီရွာကို စစ်ကောင်စီ ဗုံးကြဲ၊ သာသနိက အဆောက်အအုံများ ပျက်စီး

Rakhita Times

ဂွမြို့နယ်ကို ရွေးတုအစိုးရ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

Rakhita Times

1 comment

RickFague စက်တင်ဘာ 2, 2026 at 10:39 ညနေ

Honestly this hits the sweet spot between detail and brevity, no rambling and no shortcuts, and a quick visit to wifiwizard kept that going across the related pages, the kind of place that respects your attention without trying to grab it through cheap tactics or attention seeking design choices that get tired fast.

Reply

Leave a Comment