BusinessNewsPolitic

စစ်တွေမှာ ကုန်တင်/ကုန်ချ ကြန့်ကြာနေလို့ ကုန်စျေးနှုန်း ထပ်တက်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၃ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်၊ စစ်တွေမြို့ကို ကုန်တင်သင်္ဘောတွေရောက်နေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပေမယ့် အခုလက်ရှိချိန်ထိ ကုန်တင်/ကုန်ချ လုပ်ငန်းတွေ မပြီးစီးနိုင်သေးဘဲ ကြန့်ကြာနေကြောင့် ကုန်စျေးနှုန်း ထပ်တက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တွေမြို့ကို ကုန်တင်သင်္ဘော ၃ စီးကနေ ၄ စီးခန့်အထိ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရောက်ရှိနေတာဖြစ်ပေမယ့် ဆိပ်ကမ်းမှာ စည်းကမ်းတင်းကြပ်မှုတွေကြောင့် ကုန်ပစ္စည်း အမျိုးအစား တူတာတွေကိုပဲ ပြီးစီးအောင် တစ်ခုချင်း ကုန်ချနေတဲ့အတွက် ကြန့်ကြာမှုတွေဖြစ်နေတာလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကုန်တွေ ကြ့န်ကြာနေတာကြတော့ သူတို့ ကုန်ပစ္စည်းတွေတင်တဲ့ဟာက ဆိပ်ကမ်းမှာ စည်းကမ်းလည်း အရမ်းကျပ်တယ်တဲ့။ ဝင်ချင်တိုင်း ဝင်လို့လည်းမရဘူး၊ ထွက်ချင်တိုင်း ထွက်လို့လည်းမဘူး။ ပြီးရင် သူတို့မှာ သတ်မှတ်ထားတဲ့ လူတွေပဲ တင်လို့ ချလို့ ရတယ်။ ပြီးရင် အာလူးပါလာတယ်ပဲ ထားလိုက်ပါတော့။ အာလူးဆိုရင် အာလူး အာလူး အာလူးပဲ။ ကျမရဲ့ စပန့်အထုတ်တွေပါလာလို့၊ ကျမရဲ့ အချိုရည်တွေပါလာလို့ အဲဒီလိုမျိုးပေါ့ ကျမပစ္စည်းမို့လို့၊ ကျနော့်ပစ္စည်းမို့လို့ဆိုတဲ့ ပုံစံမျိုးနဲ့ မရဘူးတဲ့။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ကိုယ့်ပစ္စည်းကို မြင်နေရတယ်။ ဒါပေမယ့်အဲဒီပစ္စည်းကို တင်လို့မရသေးဘူး။ အရင်ဦးဆုံး အမျိုးတူ အမျိုးတူတွေပဲ အရင်သွားတယ်ပေါ့။ အဲဒီလိုမျိုးမို့ ဆိပ်ကမ်းမှာလည်း တင်းကြပ်တယ်။ ပြီးရင် ကြာနေတယ်ပေါ့။ အခုလည်း အဲဒီရောက်နေတဲ့ သင်္ဘောတွေ ထွက်သွားတာ ဘာညာတော့ ပြောသံမကြားသေးဘူး။ ကုန်တင်/ကုန်ချ မပြီးသေးဘူး အဲဒီလိုတော့ ပြောတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ အာဏာပိုင်ဆိပ်ကမ်းတွေက ကုန်တင်/ကုန်ချ လုပ်ငန်းခွင်မှာ စစ်တွေ မှတ်ပုံတင်ရှိသူတွေပဲ လုပ်ကိုင်ခွင့်ရတာဖြစ်ပြီး တခြားမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဖြစ်ပါက ဆိပ်ကမ်းထဲကို ဝင်လို့မရတဲ့အပြင် သူတို့သတ်မှတ်ထားတဲ့ လုပ်သားတွေသာ ဝင်လို့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။

သင်္ဘောရောက်ချိန်ဆို ကုန်ဈေးနှုန်းကျလေ့ရှိပေမယ့် အခု တစ်ခေါက် ကုန်တင်/ကုန်ချ ကြန့်ကြာမှုကြောင့် အချို့ကုန်တွေမှာ ပုပ်သိုးပျက်စီးသွားတဲ့အတွက် ဈေးမကျတဲ့အပြင် ဈေးတက်နေမှုနဲ့ ကြုံတွေ့နေရကြောင်း စစ်တွေ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဘယ်လိုနှုန်းထားတွေဖြစ်လဲဆိုတော့ ဈေးမကျဘူး။ သင်္ဘောလာပြီဆို ဈေးကျမယ်လို့ မျှော်လင့်ထားတာ မကျဘူးလေ။ သင်္ဘောလာချိန် စာအုန်းဆီတွေ  ဈေးကျမယ်။ နောက်ဆုံး ကော်ဖီမစ်တွေ ဈေးကျမယ်၊ အခုဆို ဝါတွင်းကာလဆိုတော့ အချိုရည်ဘာညာဆိုတာ ဘုန်းကြီးကျောင်းတွေမှာ လှူတာ။ အလှူအတန်းတွေလုပ်ဖို့ ဝယ်တာရှိတော့ အချိုရည်လည်း ဈေးမကျဘူး။ ကော်ဖီမစ်လည်း ဈေးမကျဘူး။ အာလူးတွေလည်း မလိုအပ်ပဲ ကြာသွားတော့ အချိန်မမီလိုက်တော့ ပုပ်တာတွေရှိတယ်။ ကြက်ဥပါလာတဲ့ဟာတွေလည်း ပုပ်တာတွေရှိတယ်ဆိုတော့ ကုန်သည်တွေအနေနဲ့ လစ်ဟင်းတာလည်းပါတာပေါ့။ အဲဒီလို ပျက်စီးသွားတော့ ဈေးက ဘာမှမထူးဘူး။ ဘယ်လောက်ပဲ သင်္ဘော ၄ စီးပဲဝင်ဝင် ဈေးကတော့ ကျမသွားတဲ့အပြင် တက်တောင် တက်နေသေးတယ်” လို သူက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ကနေတ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ ကုန်စည်တွေ စစ်တွေမြို့ကို ရောက်လာတိုင်း ကုန်စည်တွေဟာ မြိုပေါ်ကို အနည်းငယ်ပဲ ရောက်ပြီး အများစုကို မွတ်ဆလင်တွေက သယ်ဆောင်သွားကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကုန်တင်/ကုန်ချ နှုန်းထားတွေ တိုးမြှင့်လိုက်တဲ့အတွက် နောက်လတွေမှာ ရောက်ရှိလာမယ့် ကုန်တင်သင်္ဘောက ကုန်စည်နှုန်းထားတွေဟာလည်း လျော့ကျသွားဖို့မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Related posts

ရက္ခိုင်က လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာ

Rakhita Times

MOD လက်အောက်ခံ တပ်ရင်းအချို့ AA ထံ ကူးပြောင်း

Rakhita Times

မူဆယ်မြို့ရှိ ပွဲစားများကို ဌာနဆိုင်ရာများ အရေးယူသင့်

Rakhita Times

1 comment

auto 410 ဖေ‌ဖော်ဝါရီ 24, 2026 at 8:26 ညနေ

A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Reply

Leave a Comment