NewsPolitic

၂၀၀၈ ကို ကိုင်စွဲထားရင် ကာ/လုံ က ၆ လအတွင်း ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ဖို့လို

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၆ ဩဂုတ် ၂၀၂၅)

အကြမ်းဖက်စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားတယ်ဆိုပါက ကာ/လုံဟာ ၆ လအတွင်း ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားချက်တွေဟာလည်း အကန့်အသတ်တစ်ခုကို လွန်နေပြီဖြစ်ပြီး ဖွဲ့စည်းပုံကို ကျော်လွန် ဆန့်ကျင်လို့ မဖြစ်ကြောင်း သူက ပြောပါတယ်။

“သို့သော် ရွေးကောက်ပွဲက ကတိလည်းပေးထားပြီးပြီ စီလည်းစီစဉ်နေပြီဆိုတော့ မဖြစ်ဖြစ်အောင် လုပ်ဖို့ လိုတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံက ပေးထားတဲ့ ပေးထားချက်ပေါ့ အကန့်အသတ်ကလည်း လွန်နေပြီဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်ကိုင်စွဲပြီးတော့ လက်ရှိ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာတွေ ဆက်လက်ကိုင်ထားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို သိပ်ပြီး ကျော်လွန်ပြီးတော့ ဆန့်ကျင်လို့တော့ မဖြစ်ဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကာ/လုံကို အပ်ပြီးရင် ကာ/လုံက ၆ လအတွင်းမှာ ပုဒ်မတစ်ခုက ပြဋ္ဌာန်းထားတယ်။ ၆ လအတွင်းမှာ ရွေးကောက်ပွဲလုပ် အဲဒီအတိုင်းတော့ သွားလိမ့်မယ် ထင်တယ်။ သူ့ရဲ့ ဖိအားကတော့ တစ်ဖက်ပေါ့လေ။ တစ်မျိုးတစ်ဖုံကတော့ အားလုံးပါဝင်ရေး တတ်နိုင်သလောက် အတိုက်အခံပါတီတွေ ပါဝင်ရေးကိုတော့ နိုင်ငံတကာကတော့ ပြောနေကြပါတယ်။ သို့သော်လည်းပဲ ဘယ်လောက်အထိ စုံစုံလင်လင် ပါလာနိုင်မလဲဆိုတာကတော့ ခန့်မှန်းဖို့ ခက်ပါသေးတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင်ဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကို စနစ် ၂ မျိုးနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ ပြောဆိုထားတာပါ။

ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင်မှာ အကြမ်းဖက်စစ်တပ်အနေနဲ့ တချို့မြို့တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ ပြန်တိုက်ခိုက်ပြီး အရယူနိုင်ဖွယ်ရှိကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒ့ါအပြင် မိုးတွင်းကာလဟာလည်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် စစ်ရေးတိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

“စစ်ရေးကတော့ ပိုပြီး နည်းနည်းပြင်းထန်လာမယ် ထင်တယ်။ ဘာလို့ဆို စစ်တပ်ကလည်း ရွေးကောက်ပွဲ လုပ်တဲ့အခါ တချို့မြို့နယ်တွေ ပြန်ရမှ သူ့စစ်တပ်ကလည်း စိတ်ဓာတ်နည်းနည်း တက်ကြွမှာကို။ သူ့အတွက် ကလည်း တရားဝင်မှုပေါ့ ရွေးကောက်ပွဲကို ဒေသတော်တော်များများမှာ လုပ်လို့ရတယ်ဆိုပြီး ဒါမျိုးတွေ ရလာနိုင်တာပေါ့။ အဲဒီအတွက် စစ်ရေးတွေတော့ ပိုလုပ်လာနိုင်မယ် ထင်တယ်။ ကျမတို့ တော်လှန်ရေးဘက် ကလည်း စစ်ရေးနဲ့ပဲအဖြေရှာဖို့၊ အပြတ်တိုက်ဖို့ စဉ်းစားထားတာဖြစ်တော့ ဒီကာလကလည်း မိုးရာသီလည်း တဖြေးဖြေးကုန်တော့မှာလေ။ ပွင့်လင်းရာသီလည်း ရောက်တော့မှာဆိုတော့ စစ်ရေး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာစရာ ရှိပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ခေါင်းဆောင်ဟာ ရက္ခိုင်ပြည်၊ ရှမ်း၊ ကချင်ယ်အပါအဝင် တချို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် အရေးပေါ် ကြေညာထားပါတယ်။

Related posts

မင်းပြားတွင် မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာရ

Rakhita Times

ရက္ခိုင်မှာ အိမ်ဆောက်ပစ္စည်း ဈေးတက်၊ ကုန်စည်ဈေးနှုန်း ကျ

Rakhita Times

ပတ်စ်ပို့အတုတွေနဲ့ တရားမဝင် အလုပ်သမားပို့ဆောင်သူတွေကို စစ်ကောင်စီ ဖမ်းဆီး

Rakhita Times

10 comments

Leave a Comment