NewsPolitic

ARSA အကြမ်းဖက်အဖွဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တဲ့ ရုပ်သံထွက်လာ

အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၅)

အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ဒေသခံ ပြည်သူတွေအပေါ် ခြိမ်းခြောက်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်က ဒေသခံ ပြည်သူတွေဖြစ်တဲ့ ရက္ခိုင်အပါအဝင် ရက္ခိုင်မျိုးနွယ်စုဝင်တွေကို အဓိက ခြိမ်းခြောက်ထားတာပါ။

အဲဒီ ရုပ်သံဖိုင်ဟာ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့စွဲနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေခဲ့တာလည်း ဖြစ်ပါတယ်။

ARSA အဖွဲ့ ဒုခေါင်းဆောင် ဟာလတ်ဆိုသူရဲ့ ပြောဆိုချက်ထဲမှာ AA တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပြီး နောက်ဆုတ်စေရမယ်လိ့် ကြုံးဝါးထားပါတယ်။

ဒါ့အပြင် ‌အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် မူဆလင်တွေကိုလည်း သနားညှာတာမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

Related posts

ရက္ခိုင်ကို ၂၀၂၇ ခုနှစ်လောက်မှ ဗဟိုအစိုးရက ကိုင်တွယ်နိုင်

Rakhita Times

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Rakhita Times

ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ

Rakhita Times

1 comment

Leave a Comment