NewsPolitic

ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး သံတောမြို့မှာ ငလျင် လှုပ်ခဲ့

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၅)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်မှာ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီးတော့ သဲတောမြို့မှာ ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။

“ အိပ်မလို့ လုပ်နေတဲ့အချိန် ဒုန်းဆိုပြီး အိမ်တွေပါ ခါရမ်းသွားတာ ။ ဒီတစ်ခါ အိမ်ပြိုပြီထင်နေတာ ။ အရှိန်လဲပါသလို အချိန်လဲ ကြာတယ်” လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ မတ်လ ၂၈ ရက်နေ့က ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းမှာလည်း အင်အားအသင့်အတင့်နဲ့ အင်အားငယ် ငလျင်တွေဟာ အခုချိန်ထိ ဆက်တိုက် လှုပ်ခတ်နေလျက်ရှိပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ စက်တင်ဘာ ၁၀ ရက် ညပိုင်းအထိ (၂၃၀)ကြိမ်ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

Rakhita Times

အမျိုးသားလွှတ်တော် ၁၇ ဦးတွင် ကြံ့ဖွံ့ပါတီအပြင် ရခိုင့်ဦးဆောင်ပါတီ နဲ့ ရခိုင်တိုင်းရင်းသားပါတီလည်းပါဝင်

Rakhita Times

မာန်အောင်မှာ တနေ့ ၂နာရီသာ လျှပ်စစ်မီးရရှိ

Rakhita Times

1 comment

Leave a Comment