NewsPolitic

မာန်အောင်မှာ တနေ့ ၂နာရီသာ လျှပ်စစ်မီးရရှိ

အာရက္ခတိုင်းမ်စ်(၂၃ ဒီဇင်ဘာ ၂၀၂‌၅)

ရက္ခိုင်ပြည်၊ မာန်အောင်မြို့မှာ တနေ့ကို ၂နာရီသာ လျှပ်စစ်မီး ရရှိတာဖြစ်တယ်လို့ မာန်အောင်မြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ မာန်အောင်မြို့ပေါ်ရှိ အ‌နောက်စုရပ်ကွက်၊ မြို့မရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်နဲ့ ကမ်းနားတန်းရပ်ကွက် အစရှိတဲ့ ရပ်ကွက်တွေကို မာန်အောင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနက မီးစက်နဲ့ တနေ့ ၆ နာရီ သတ်မှတ်ပြီး မီးပေးခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာတော့၂နာရီ‌ကြာသာ လျှပ်စစ်မီး ရရှိတော့တာဖြစ်ပြီး ရပ်ကွက်အလိုက် လျှပ်စစ်မီး အလှည့်ကျ ရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

“ EPC ဆိုတာက ဒီနှစ်မှ ရတာကို အရင်တုန်းက ကျနော်တို့ EPC မီးဆိုတာ မမြင်ဖူးဘူးလေ။ ကျနော်တိ့် အလှည့်ကျလေးတွေ ရတယ်။ အဆက်မပြတ် ၂၄နာရီ မီးရတဲ့အခါ မရှိပါဘူး ကျနော်တို့ဆီမှာ။ လျှပ်စစ်မီးကတော့ တရက်မှာ ၂နာရီ မီးလင်းတာပေါ့။ EPC က ကျနော်တို့ ဒီမှာကျ အင်ဂျင်နဲ့ မီးပေးတာကို။ အင်ဂျင်နဲ့ မီးပေးတဲ့အခါကျတော့ ရန်ကုန်ကနေ မာန်အောင်ကို ဆီသွင်းပြီးတော့ EPC ကနေပြီးတော့ တရက်ကို ၂နာရီ အလှည့်ကျ ရပ်ကွက်အလိုက် မီးပေးတယ်။ တနေ့လုံးမှာမှ ၂နာရီပါ” လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် ယခင်က ရေနံဆီ၊ ဖယောင်းတိုင် စတာတွေကို အသုံးပြုခဲ့ရပြီး အခုနောက်ပိုင်းမှသာ ဆိုလာကို ပြောင်းလဲ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

“ အခက်အခဲကတော့ ဒီမှာ ဘာခေါ်မလဲ အဲဒီ ဆိုလာကိုပဲ မှီခိုပြီး မီးလင်းနေရတာပေါ့။ ကိုယ်တတ်နိုင်သလောက်လေးပဲ ဆိုလာပြားဆိုလည်း တတ်နိုင်သလောက်လေးပဲ သုံးကြတာပေါ့။ အိမ်မှာမီးတပွင့် သုံးမယ်ဆိုလည်း မီးတပွင့်လောက်ပဲသုံး၊ နှစ်ပွင့်သုံးနိုင်တဲ့လူကနှစ်ပွင့်သုံးတယ်။ သုံးပွင့်သုံးနိုင်တဲ့လူက သုံးပွင့်သုံးတယ်။ အဲ့လိုပဲပေါ့” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ရက္ခိုင်ပြည်၊ မာန်အောင်မြို့နယ်မှာ ရပ်ကွက် ၅ ခု နဲ့ ကျေးရွာပေါင်း ၃၀ကျော်ရှိပြီး လက်ရှိမှာတော့ စစ်ကော်မရှင်က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

Related posts

မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ၂ ဦး သေဆုံး၊ ကလေးသူငယ် အပါအဝင် ၈ ဦး ဒဏ်ရာရ

Rakhita Times

တောင်ကုတ်တွင် စစ်ကျန်ဗုံးကြောင့် ကလေး တစ်ဦး သေဆုံး

Rakhita Times

စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်

Rakhita Times

7 comments

Casino_ickt မတ် 23, 2026 at 11:58 ညနေ

Вы можете выбрать игры различных жанров и форматов.
Pinco Casino
Игрокам доступны бонусы и специальные предложения.

Reply
Casino_wjkt မတ် 24, 2026 at 12:18 မနက်

В каталоге представлены проверенные провайдеры и актуальные игровые новинки.
Casino Pinco
Каждый игрок получает качественный сервис и поддержку.

Reply
Casino_irkt မတ် 26, 2026 at 1:52 ညနေ Reply
Davidgreax ဧပြီ 21, 2026 at 9:20 ညနေ

Pour changer de rythme, Decouvrez https://akkauntpleer.micro.blog/hugo-bets-casino-analyse-dune/ si vous cherchez un univers de casino avec des tables actives et des tours palpitants. Ici, les tables tournent vite, et le jeu reste facile a suivre. Cette approche convient bien a une routine de casino en ligne.

Reply
Camerontub ဧပြီ 23, 2026 at 5:28 မနက်

Serieusement jai trouve cette table sur machine https://zekond.com/read-blog/346564 cest honnete peut mieux faire pour changer

Reply
CoreySen မေ 5, 2026 at 9:51 မနက်

En testant les fonctionnalites https://forums.planetdestiny.com/threads/question-about-starting-a-company-for-it-services.62453/post-101294 casino inscription rapide je trouve les offres assez competitives et des promotions regulieres.

Reply

Leave a Comment