NewsPolitic

လေးမျက်နှာက ဘုန်းကြီးကျောင်း စကမ ဗုံးကြဲလို့ သံတွဲစစ်ဘေးရှောင်တဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၅)

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ဘုန်းတော်ကြီးကျောင်းကို စစ်ကော်မရှင်က ဒီကနေ့ မနက်ပိုင်းက ဗုံးကြဲခဲ့လို့ သံတွဲမြို့စစ်ဘေးရှောင်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဘုန်းကြီးကျောင်းက ရေနံ့သာမောင်းတံဂိတ်နားက သွားရတာ။ ဥယာဉ်ကုန်းတောရကျောင်း အခုကလေးက ကျောင်းမှာကျန်ခဲ့တာ။ သူနဲ့အတူနေတဲ့ သားအဖက အပြင်သွားတော့ လွတ်သွားတာ။ ကြဲချိန်မှာ ဘုန်းကြီးကျောင်းမှာ ဘယ်သူလဲမရှိ။ သူတယောက်တည်း ရှိတာ” လို့ လေးမျက်နှာမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ သံတွဲမြို့နယ် ငပလီမြို့ မဇင်ရပ်ကွက်နေ ကိုညီထွေး နဲ့ မဝါဝါလှိုင် ရဲ့ သားဖြစ်သူ အောင်မင်းသော် ဖြစ်တယ်လို့ သိရပါတယ်။

“ကလေးရဲ့ အဖေနဲ့ အမေက ဒီပြန်ရောက်နေပြီ။ သူ့ကို စိတ်မချလို့ သူ့အကို ဘုန်းကြီးကျောင်းမှာ ထားခဲ့တာ” လို့ သေဆုံးသူ ကလေးမိသားစုနဲ့ ရင်းနှီးသူတဦးက အာရက္ခတိုင်းကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ နေ့စဉ်ရက်ဆက်ဆိုသလို အရပ်ပြည်သူတွေရှိရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Related posts

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်တောဒေသခံ (၅) ဦး ဒဏ်ရာရ

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်း ပြန်လည်ရရှိဖို့ လျှောက်လဲချက်တင်မယ်လို့ဆို

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

Leave a Comment