အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၅)
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညအချိန် ပင်လယ်ပြင် ငါးဖမ်းမှုတွေကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ အာရက္ခတပ်တော်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
အရင်က အာရက္ခတပ်တော်ဟာ အာရက္ခပင်လယ်အနီးမှာရှိနေတဲ့ မြို့ရွာတွေက ရေလုပ်ငန်းကို အဓိကအားထားနေရတဲ့ ပြည်သူတွေ စစ်ရေးကာလမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ပင်လယ်ပြင် ငါးဖမ်းခွင့်ကို အချိန်အကန့်အသတ်မရှိ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ရှုံးနေတဲ့ စစ််ကော်မရှင်ဟာ အဲဒါကို အခွင့်ကောင်းယူပြီးတော့ စစ်အင်အားဖြည့်တင်းတာနဲ့ သူတို့ရဲ့ စစ်ဆင်ရေးအတွက် ငါးဖမ်းစက်လှေတွေကို အကာအကွယ်ယူပြီး လွတ်လွပ်စွာ သွားလာနေတဲ့အပြင် ပြည်သူတွေရဲ့ လုံခြုံရေးကို အလေးထားတာကြောင့် အခုလို ငါးဖမ်းခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ စစ်သင်္ဘောပေါ်ကနေ ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ငါးဖမ်းစက်လှေတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ တံငါသည်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကိုပါ လုပ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် နေ့အချိန်မှာ ငါးဖမ်းမယ်ဆိုရင် ကမ်းဝေးသွားပြီး မဖမ်းကြဖို့နဲ့ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေ လာနေတာကို တွေ့နဲ့အခါ ကမ်းစပ်ကို ကပ်လာကြဖို့ကိုလည်း အာရက္ခတပ်တော်က အသိပေးတိုက်တွန်းထားပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ စစ််အင်အားတိုးမြှင့်တာတွေကို ပင်လယ်ရေကြောင်းကနေ ခပ်စိပ်စိပ် လုပ်ဆောင်လျက် ရှိနေပါတယ်။
အဲဒါအပြင် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဂွနဲ့ သံတွဲမြို့က ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ သွားလာလှုပ်ရှားတာ ပိုပြီး မြင်တွေ့လညနေရပြီး အဲဒီမြို့ပေါ်ကနေ ကင်းထောက်လေယာဥ်တွေနဲ့ လှည့်ပတ်ပျံဝဲ ကင်းထောက်လှမ်းတာတွေကို အခုရက်ပိုင်းမှာ အရင်ကထက် ပိုပြီး လုပ်လာနေတာ ဖြစ်ပါတယ်။
လက်ရှိ ထုတ်ပြန်လိုက်တဲ့ ညအချိန် ငါးဖမ်းခွင့် ကန့်သတ်တာကို ပြန်လည်ရုပ်သိမ်းကြောင်း မထုတ်မပြန်မချင်း ရေလုပ်သားတွေအနေနဲ့ သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာ လုံးဝ မပြုလုပ်ကြဖို့နဲ့ စစ်ကော်မရှင်ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး ဒီတားမြစ်ကန့်သတ်ချက်ကို ပြန်လည်ရုပ်သိမ်းမယ့်နေ့ကိုလည်း ထပ်ပြီး အသိပေးမှာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

7 comments
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Игровой процесс проходит быстро и без технических задержек.
Pour moi jai essaye ce jackpot. Via casino https://blogs.cornell.edu/siemreapmasterclass/2011/02/26/cambodia-dance/comment-page-587/?unapproved=131486&moderation-hash=009e88e0e4187f19333a622c62e6ebc3#comment-131486 cest bizarre soiree correcte.
После разговора о ставках наткнулся на разбор бонусов букмекеров https://pitir.ru/ya-otdal-moshennikam-50-000-rublej-i-edinstvennoe-o-chyom-zhaleyu-chto-ne-potratil-30-minut-na-proverku/, всё написано очень понятно.
Pour etre franc jai vu ce programme. Avec bonus https://www.ies9029.edu.ar/img-20161103-wa0022/#comment-104954 cest risque peut mieux faire.
Les debutants choisissent casino VIP sur webhitlist.com/forum/topics/hugo-bets-d-chire pour les sessions courtes. Les retraits restent rapides.
En toute sincerite apres plusieurs tests, je trouve que https://www.domestika.org/en/akkauntpleer reste plus simple pour suivre les bonus tournoi de slots et les sections jeu securise.
HonnГЄtement plusieurs joueurs discutent de https://coloringart.com/forums/topic/business-for-working-with-foreign-investments/#post-562011 et de bonus sans depot pour comparer les retraits rapides, car les bonus paraissent plus transparents meme pendant les longues sessions. Beaucoup de joueurs semblent preferer les jeux live maintenant.