အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်အုပ်စုကို စစ်ကော်မရှင်က နိုငဝင်ဘာ ၂၂ ရက် ည သန်းခေါင်တွင် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ နေဗီကနေပြီးတော့ ဆင်ဘတ်ရွာမ ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ၇ လုံး ပစ်ခတ်ခဲ့တယ်” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ နေဗီကနေ ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်ဖြူမြို့နယ် မင်းရပ်တိုက်နယ် ဆင်ဘုတ်ရွာမ ဘုန်းကြီးကျောင်း မီးလောက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းအနီးရှိ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ နောက်ပြီးတော့ ည ၁၁ နာရီ ၅၅ မိနစ်မှာ စကမ ရဲ့ နေဗီကနေပြီး ဆူဆိုက်ဒရုန်းနဲ့ ကျွန်းကြီးရွာက အထက်တန်းကျောင်းကို ဗုံးချတယ်” လို့ သူက ထပ်မံ ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ဆူဆိုက်ဒရုန်းကနေ ဗုံးချမှုကြောင့် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်အုပ်စု ကျွန်းကြီးရွာက အခြေခံပညာအထက်တန်းကျောင်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်က ထပ်မံပြီးတော့ ဆူဆိုက်ဒရုန်းနဲ့ ဆင်ဘတ်ရွာမ ဘုန်းကြီးကျောင်းကို ဗုံး ထပ်မံ ကြဲချတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ စစ်ကော်မရှင်က နေ့စဉ်ဆိုသလို ရက္ခိုင်ပြည်ကို လေကြောင်းက တိုက်ခိုက်ခြင်း၊ ရေကြောင်းက တိုက်ခိုက်ခြင်းများကို စစ်ကော်မရှင်က ပြုလုပ်လာနေတာကြောင့် သတိထားနေထိုင်ကြရန် တိုက်တွန်းထားပါတယ္။

2 comments