HealthNewsPolitic

ကျိန္တလီမြို့တွင် စစ်ကျန်လက်နက်ကို ဆော့ကစားရာ ကလေးငယ်တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ်(၂၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ဂွမြိုနယ်၊ ကျိန္တလီမြို့တွင် စစ်ကျန်လက်နက်ကို ဆော့ကစားရာမှ လူထိခိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျိန္တလီမြို့ရှိ တောင်ပေါ်ကို ဆော့ကစားရန် သွားရာမှ စစ်ကျန်လက်နက်ပစ္စည်းအား ဆော့ကစားရင်း ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကျိန္တလီမြို့၊ မေတ္တာပေါင်းကူးလမ်းတွင် နေထိုင်သူတွေဖြစ်တဲ့အသက် ၁၄ နှစ်အရွယ် မောင်သတ္တိ သေဆုံးကာ အသက် ၁၄ နှစ်အရွယ် အောင်သူစိုး နဲ့ အသက် ၁၃ နှစ်အရွယ် နေမျိုး‌ကျော်(ခ)အလင်းဆက်တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင် ကူညီပေးထားတယ်လို့လည်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရဲ့ နောက်ဆက်တွဲကျန်းမာရေးအခြေအနေကို အာရက္ခတိုင်းမ်စ်က ဆက်လက် စုံစမ်းဖော်ပြပေးသွားပါမယ်။

Related posts

ခူမီးနှစ်သစ်ကူးပွဲတော် AA တက်ရောက်

Rakhita Times

ဝမ်းတွင်းမြို့ နယ်က ကျေးရွာတွေ လျပ်စစ်မီးလိုချင်ပါက ငွေကျပ် သိန်းတရာ ပေးနေရ

Rakhita Times

ရက္ခိုင်ပြည်မှာ စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေ

Rakhita Times

1 comment

188bet250 ဒီဇင်ဘာ 25, 2025 at 11:36 မနက်

188bet250 is a name I’ve seen around. Supposedly decent odds and a good selection of sports. Gonna give it a proper look this weekend. See the action at 188bet250

Reply

Leave a Comment