HealthNewsPolitic

ကျိန္တလီမြို့တွင် စစ်ကျန်လက်နက်ကို ဆော့ကစားရာ ကလေးငယ်တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ်(၂၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ဂွမြိုနယ်၊ ကျိန္တလီမြို့တွင် စစ်ကျန်လက်နက်ကို ဆော့ကစားရာမှ လူထိခိုက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျိန္တလီမြို့ရှိ တောင်ပေါ်ကို ဆော့ကစားရန် သွားရာမှ စစ်ကျန်လက်နက်ပစ္စည်းအား ဆော့ကစားရင်း ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကျိန္တလီမြို့၊ မေတ္တာပေါင်းကူးလမ်းတွင် နေထိုင်သူတွေဖြစ်တဲ့အသက် ၁၄ နှစ်အရွယ် မောင်သတ္တိ သေဆုံးကာ အသက် ၁၄ နှစ်အရွယ် အောင်သူစိုး နဲ့ အသက် ၁၃ နှစ်အရွယ် နေမျိုး‌ကျော်(ခ)အလင်းဆက်တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင် ကူညီပေးထားတယ်လို့လည်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရဲ့ နောက်ဆက်တွဲကျန်းမာရေးအခြေအနေကို အာရက္ခတိုင်းမ်စ်က ဆက်လက် စုံစမ်းဖော်ပြပေးသွားပါမယ်။

Related posts

လူထုတော်လှန်ရေးမှာ ပါဝင်လာဖို့ ပအိုဝ်းပြည်သူ့စစ်ကို PNLO နဲ့ PNFC တိုက်တွန်း

Rakhita Times

စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူမှာ ရေကြီးမှု ဖြစ်နိုင်ခြေ အလွန်မြင့်မားနေ

Rakhita Times

ရမ်းဗြဲကမ်းခြေအနီးကို စစ်င်္ဘော ၂ စီး ကပ်လာလို့ ဒေသခံတွေ စိုးရိမ်နေ

Rakhita Times

1,519 comments

Leave a Comment