NewsPolitic

မူးယစ်ဆေးဝါးကရတဲ့အမြတ် ၇၀ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူရာမှာ AA အသုံးပြုလို့ စကမ ဆို

အာရက္ခတိုင်းမ်စ်(၃၀ ဒီဇင်ဘာ ၂၀၂၅)

မူးယစ်ဆေးဝါးက ရရှိတဲ့ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်းဝယ်ယူရာမှာ အာရက္ခတပ်တော် AA အသုံးပြုနေတယ်လို့ စကမရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

အဆိုပါ စွပ်စွဲပြောဆိုချက်ကို မနေ့က ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှာ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် ပြုလုပ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာရက္ခတပ်‌တော် AA ရဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းဟာ ကျယ်ပြန့်နေပြီး မူးယစ်ဆေးထုတ်လုပ်ရန် ဓာတုဆေးဝါး မှောင်ခိုတင်သွင်းခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင် သိုလှောင်ခြင်း၊ ပြည်တွင်း၌ ဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ရန် ချိတ်ဆက်ဆောင်ရွက်ခြင်း‌တွေကို နိုင်ငံတကာ မူးယစ်ရာဇာများနဲ့ ချိတ်ဆက် လုပ်ဆောင်နေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ဆိုပါတယ်။

“ AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများအနေနဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိပြီး AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သော အမှု ၉ မှု ပါဝင်ကြောင်း၊ ထွက်ဆိုချက်တွေအရ အဖမ်းခံရသူတွေဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို AA အဖွဲ့အတွက် လုပ်ဆောင်နေတာ ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် AA ဟာ မူးယစ်ဆေးဝါးက ရရှိတဲ့ အကျိုးအမြတ်တွေအနက် ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းရာတွင် အသုံးပြုနေပြီး နိုင်ငံတကာ လက်နက်မှောင်ခိုဂိုဏ်းများနဲ့ ချိတ်ဆက်ကာ လက်နက်ခဲယမ်းနှင့် စိတ်ကြွဆေးပြား လဲလှယ်ခြင်း အပါအဝင် ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်းစတဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေကိုလည်း ကျူးလွန်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနဲ့ လူကုန်ကူးမှုတို့ဟာ တခုနဲ့တခု အပြန်အလှန် ချိတ်ဆက်နေကြောင်း၊ ၂၀၂၅ ခုနှစ်ရဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ဖြစ်စဉ်များအရ အကြမ်းဖက်အဖွဲ့များဟာ သူတို့ရဲ့ စစ်ဆင်ရေးစရိတ်နဲ့ လက်နက် ဝယ်ယူရန်ငွေကြေးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ အဓိကရရှိကြခြင်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုက ရရှိတဲ့ ငွေများကို Crypto-currency အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ခြေရာဖျောက် ခဝါချပြီးနောက် အဆိုပါငွေများကို အကြမ်းဖက်လုပ်ငန်းများတွင် ပြန်လည် အသုံးပြုခြင်းဖြစ်တယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Related posts

AA က မြစ်ဝကျွန်းပေါ်မှာ နယ်မြေစိုးမိုးမှုလုပ်ပြီး နေပြည်တော်ကို ချီတက်မယ်

Rakhita Times

AA ထိန်းချုပ်ဒေသတွေမှာ အစစ အရာရာ အခက်အခဲဖြစ်အောင် စကမ လုပ်လာနိုင်

Rakhita Times

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

Rakhita Times

1 comment

NelsonBeecy ဖေ‌ဖော်ဝါရီ 2, 2026 at 6:46 ညနေ

Сегодня проверил кракен зеркало и всё загрузилось за пару секунд

Reply

Leave a Comment