အာရက္ခတိုင်းမ်စ် (၃၁ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့ လင်းသာရပ်ကွက် ဗုံးကြဲခံရမှုဖြစ်စဉ်ကြောင့် သေဆုံးသူများတွင် ၃ နှစ်အရွယ် ကလေးတဦးပါဝင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (HDCO) က ဒီဇင်ဘာ ၃၀ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ငပလီမြို့ရှိ လင်းသာရပ်ကွက်ရှိ ကျင်းကန်ကြီးကို ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းက နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲခံရမှုကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပြည်သူ ကိုးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင်လူနေအိမ် (၂၃) ဆောင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လုံ့ HDCO က ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) မှာလည်း သံတွဲမြို့၊ ရွာရှည်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ အကြမ်းဖက် စစ်ကော်မရှင်ဟာ အာရက္ခဒေသအတွင်း လေကြောင်းတိုက်မှုတွေကို စနစ်တကျ၊ ဆက်တိုက်၊ ပိုမိုပြင်းထန်စွာ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သီးခြားဖြစ်စဉ် တခုမဟုတ်ဘဲ၊ အစီအစဉ်ချထားပြီး ထပ်တလဲလဲ ကျူးလွန်နေတဲ့ တိုက်ခိုက်မှုများဖြစ်ပြီး အပြစ်မဲ့ပြည်သူများရဲ့ အသက်၊ လုံခြုံမှုနဲ့ အိုးအိမ်များကို ပြင်းထန်စွာ ခြိမ်းခြောက် ဖျက်ဆီးနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း တရပ်လည်း ဖြစ်ပါတယ်” လို့ HDCO က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းများအနေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို မျက်ကွယ်မပြုဘဲ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် အာရက္ခပြည်သူများနဲ့အတူ လေးနက်စွာ တောင်းဆို
ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန (HDCO) က ထုတ်ပြန်ခဲ့ပါတယ်။

2 comments
Discover the thrill of real-money live casino action at casino card games, where you can enjoy live dealers, top software providers, and exclusive promotions.
Security and user experience form the backbone of the platform’s design philosophy.
Sprawdz poradnik jak wybrac kamere fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Praktyczne testy w roznych warunkach oswietleniowych pokaza realne mozliwosci kamery.