NewsPolitic

သံတွဲမြို့ပေါ် ဗုံးကြဲခံရမှု လူ ၃ ဦး ထိခိုက်၊ နေအိမ် ၆ လုံး မီးလောင်ပျက်စီး

အာရက္ခတိုင်းမ်စ် (၁ ဇန်နဝါရီ ၂၀၂)

ရက္ခိုင်ပြည်၊ သံတွဲခရိုင် သံတွဲမြို့ပေါ်ကို မနေ့က ဒီဇင်ဘာ ၃၁ ရက် (နှစ်သစ်ကူးည) က ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မာဃလမ်းကို ဒီဇင်ဘာ ၃၁ ရက်၊ ည ၇နာရီ ၂၈ မိနစ်ခန့် မှာ ဗုံး နှစ်လုံး ကြဲချခဲ့တာဖြစ်တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့ပါတယ်။

“ ဗုံးကျသံကြားတော့ အပြင်ထွက်ပြီး ဝမ်းလျားမှောက်နေလို့ လွင့်စင်လာတဲ့ အစတွေ ထိမှန်ပြီး ဒဏ်ရာရတာ၊ အိမ်တွေကတော့ ရစရာမရှိဘူး။ အကုန်လောင်တာ” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) မှာလည်း သံတွဲမြို့၊ ရွာရှည်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီမှာ ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ ကျင်းကန်ကြီးကိုလည်း စစ်ကော်မရှင်က လေကြောင်းက‌ နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့တာကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပြည်သူ ကိုးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လူနေအိမ် (၂၃) ဆောင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လိ့း အာရက္ခပြည်သူ့ကျန်းမာရေးဌာန (HDCO) က ထုတ်ပြန်ထားပါတယ်။

Related posts

ပလက်ဝ၊ တောင်ကုတ်နဲ့ အမ်းက ပြည်သူ ၃ ထောင်ကျော်ကို HDCO ဆန် လှူဒါန်း

Rakhita Times

AA သည် မြန်မာ့စစ်အုပ်ချုပ်ရေးအား ချိုးဖျက်မည့် အဓိကသော့ချက်

Rakhita Times

ရက္ခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး နှစ်ဦးကို စစ်ကောင်စီ ရာထူးတစ်ဆင့်တိုးပေး

Rakhita Times

Leave a Comment