NewsPolitic

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ဒီကနေ့ ဇန်နဝါရီ ၉ ရက်မှာ ကုသိုလ်ပြု အမျှဝေခဲ့တယ်လို့ သိရပါတယ်။

“ငပလီကမ်းခြေမြို့၊ လင်းသာရပ်ကွက်၊ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရက်စက်စွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကွယ်လွန်သွားကြသူ ဆယ်ဦးအတွက် ကုသိုလ် အလှုတော်အား သံဃာတော်များ ပင့်ဆောင်ပြီး တရားနာ အလှုတော်ပြုပြီး အမျှပေးဝေခဲ့ပါတယ်” လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။

လေးဝတီ- သံတွဲစစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့မှ တသိန်းကျပ်၊ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့ မှ လေးသိန်းငါးသောင်းကျပ်၊ နာရေးမိသားစုဝင်များမှ ငါးသိန်းကျပ်တို့အပြင် ရပ်ရွာကစေတနာရှင်‌တွေရဲ့အလှုငွေများနဲ့ စုပေါင်း လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ငပလီမြို့ရှိ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကို ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းက‌ နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၄ နှစ် မှ အသက် ၅၄ နှစ်အရွယ်ရှိ ကျား ခြောက်ဦး နဲ့ မ လေးဦး စုစု‌ပေါင်း ဆယ်ဦး သေဆုံးခဲ့ပါတယ်။

Related posts

ကျောက်ဖြူကို စစ်ကောင်စီက အဝင်အထွက် တင်းကျပ်ပြီး ကန့်သတ်လာ

Rakhita Times

AA ကို ‘ဝ’ က လက်နက်ထောက်ပံ့ပေးတာ မဖြစ်နိုင်၊ သူ့ဘာသာ သူ ဝယ်သုံးတာ ဖြစ်နိုင်

Rakhita Times

စကမ ဖမ်းဆီးထားတဲ့ ရက္ခိုင်လူငယ်တွေကို AA နဲ့ တိုက်ခိုက်ရန် ရှေ့တန်းပို့ဆောင်နေ

Rakhita Times

159 comments

Leave a Comment