EnvironmentNewsPolitic

AA က ငါးနဲ့ ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်းချက်များ ချမှတ်

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ မြို့ ရွာဒေသများအတွက် ငါးနဲ့ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စည်းကမ်းချက်များမှာ (၁) ရှားပါးရေသတ္တဝါများဖြစ်တဲ့ (ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊ ဝေလငါး) များကို ဖမ်းဆီး။ သတ်ဖြတ် ရောင်းချခြင်းများ မပြုလုပ်ရ၊ (၂) အဆိပ်ချ ငါးဖမ်းခြင်း၊ ရှော့တိုက် ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ အသုံးပြုပြီး ငါးဖမ်းဆီးခြင်းများကို မပြုလုပ်ရ၊ (၃) တားမြစ်ကိရိယာ (သို့မဟုတ်) ငါးဖမ်းနည်းများနဲ့  ငါးဖမ်းဆီးခြင်း မပြုလုပ်ရ၊ (၄) ရေနေသတ္တဝါများ မျိုးပွားရှင်သန်ကျက်စားရာ ပြာတော (သို့မဟုတ်) ပြားတောများရဲ့ ဂေဟစနစ်ကို ပျက်စီးစေနိုင်ရန် ခုတ်ထွင် ရှင်းလင်းခြင်းများ မပြုလုပ်ရ စတာတွေပဲ ဖြစ်ပါတယ်။

အထက်ပါ တားမြစ်ချက်များကို ကျူးလွန်ကြောင်း တွေ့ရှိပါက ငါးလုပ်ငန်းဥပဒေပါအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပါမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

ပေါက်တောဒေသခံ အမျိုးသမီး ၁ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရ

Rakhita Times

အာရက္ခတပ်တော်မှာ စစ်ရေးအတွက် ကြီးမားတဲ့ပြင်ဆင်မှု ရှိနိုင်

Rakhita Times

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Rakhita Times

Leave a Comment