NewsPolitic

မောင်တောတွင် ARSA သတ်ဖြတ်လို့ ဒေသခံတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ် ARSA တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လို့ ဒေသခံပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မနေ့က (၇ နိုဝင်ဘာ) မနက်ပိုင်းမှာ နွားကျောင်းဖို့ ထွက်သွားတာ။ ပြန်မလာလို့ လိုက်ရှာကြတာ။ ဒီနေ့ကျတော့ အလောင်းပဲ ရခဲ့တယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ARSA တပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသူမှာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ငွေတောင်ရွာက အသက် ၆၃ နှစ် အရွယ် ဦးဦးရွှေသိန်း ဖြစ်တယ်လို့ သိရပါတယ်။

“အခုဆို ဒေသခံတွေဟာ လူစုလူဝေးနဲ့မှပဲ သွားရဲကြတော့တယ်။ တပ်တော်ကလည်း ဝေးဝေးလံလံ မသွားကြဖို့နဲ့ ခရီးသွားရင် အကြောင်းကြားပြီးသွားဖို့တော့ ပြောထားတယ်” လို့ သူက ထပ်မံပြောပါတယ်။

အလားတူ အောက်တိုဘာလ ၂၂ ရက်ကလည်း မောင်တောမြို့နယ် မြိုယုရွာအနီးတွင် ခရီးသည်တင်ကားတစီးကို ARSA တပ်ဖွဲ့ဝင်တို့ တိုက်ခတ်ခဲ့လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

Photo – APM

Related posts

စစ်တွေကို ကုန်စည်မဝင်တာ ၁ လနီးပါးရှိနေ

Rakhita Times

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက စစ်ရှောင်များကို မျက်စိအခမဲ့ ကုသပေးနေ

Rakhita Times

မောင်တောတွင် လူ ၁၀၀ မှာ ၁၇ ယောက်က ငှက်ဖျားပိုး တွေ့ခဲ့တယ်လို့ HDCO ပြော

Rakhita Times

1 comment

Vernonzer စက်တင်ဘာ 9, 2026 at 4:03 မနက်

Специалисты регулярно помогают при интоксикации, запоях, абстиненции и сложных состояниях зависимости.
Получить больше информации – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Reply

Leave a Comment