အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)
ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး ဘော်လီဘောပြိုင်ပွဲ ၂၀၂၆-၂၇ ရာသီ “Daido Life SV.LEAGUE WOMEN” အဖွင့်ပွဲစဉ်ကို အောက်တိုဘာလ ၁၇ ရက်နဲ့ ၁၈ ရက်က ကျင်းပခဲ့ရာ Denso Airybees အသင်းအတွက် ကစားနေတဲ့ ဂျပန်နိုင်ငံဖွား ရက္ခိုင်တိုင်းရင်းသူ မရည်မွန်မြတ်က လက်စွမ်းပြပြီး MVP ဆုရကာ အသင်းကို အဝေးကွင်း ၂ ပွဲဆက် အနိုင်ရအောင် ဦးဆောင်ခဲ့ပါတယ်။

အဝေးကွင်း Ripro Budokan အားကစားရုံမှာ Saitama Ageo Medics အသင်းနဲ့ ၂ ရက်ဆက်တိုက် ကစားခဲ့ရာ ပထမနေ့ပွဲစဉ်မှာ မရည်မွန်မြတ်က အရေးပါတဲ့ အမှတ်တွေကို အပြတ်အသတ် ယူပေးနိုင်လို့ အကောင်းဆုံးကစားသမားဆု (MVP) ရခဲ့ပါတယ်။
ဒုတိယနေ့မှာ အကြိတ်အနယ် ကစားခဲ့ရတဲ့ ပွဲစဉ်မှာတော့ တစ်ဦးတည်း ၂၈ မှတ်နဲ့ အမှတ်အများဆုံးရပြီး အသင်းကို ၃-၂ နဲ့ ဆက်လက် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

အသက် ၁၉ နှစ်၊ အရပ် ၁၇၉ စင်တီမီတာရှိတဲ့ ကျောနံပါတ် (၁၇) တောင်ပံတိုက်စစ်မှူး မရည်မွန်မြတ်က မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားဟောင်း ဖခင် ဦးမြတ်သူရဲ့ အားကစားဗီဇကို အမွေဆက်ခံထားသူလည်း ဖြစ်ပါတယ်။
ဂျပန်ရဲ့ ထိပ်တန်းကလပ် FC Machida Zelvia မှာ ကစားနေတဲ့ ဂိုးသမား ကိုကောင်းဇံမရတ်ရဲ့ ညီမလည်း ဖြစ်ပါတယ်။

ရာသီအဖွင့်မှာ တာထွက်ခဲ့တဲ့ မရည်မွန်မြတ်နဲ့ Denso Airybees အသင်းက လာမယ့် အောက်တိုဘာလ ၂၃ ရက်မှာ အိမ်ကွင်းအဖွင့်ပွဲစဉ်အဖြစ် SAGA Hisamitsu Springs အသင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ ၂၀၂၇ ခုနှစ် ဧပြီလအတွင်း ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
