HealthNewsPolitic

အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆)

အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိ‌ပေးထားပါတယ်။

လျှောက်ထားလိုသူတွေဟာ ရက္ခိုင်ပြည်တွင်း နေထိုင်တဲ့ အသက် ၂၅ နှစ်အောက်ရှိသူ ဖြစ်ရမှာဖြစ်ပြီး ရက္ခိုင်သားတိုင်း လူမျိုး၊ ဘာသာ၊ကျားမ မရွေး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

သတ်မှတ်ချက်အ‌နေနဲ့ကတော့ လိုအပ်တဲ့ ပညာအရည်အချင်း ရှိရမှာဖြစ်ပြီး လျှောက်လွှာတင်တဲ့အခါမှာ မှတ်ပုံတင်မိတ္တူ၊ ပညာအရည်အချင်းဆိုင်ရာ အထောက်အထားလက်မှတ်နဲ့ အမှတ်စာရင်း (မူရင်း)၊ Passport ဓာတ်ပုံ ၂ ပုံ အပြင် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ စတာတွေလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

လျှောက်လွှာတွေကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှာ ဖေ‌ဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး အဆိုပါ ‌လျှောက်လွှာတွေအနက် (ဓာတု၊ ရူပ၊ ဇီဝ) သုံးဘာသာပေါင်း ရမှတ်အများဆုံးရရှိသူတွေကို ဦးစားပေး ရွေးချယ်မှာဖြစ်တယ်လို့ သိရပါတယ်။

ရွေးချယ်ခံရသူတွေကို ဖေဖော်ဝါရီလ ၂၇ ရက်မှာ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနတွေကတဆင့် ထုတ်ပြန်ကြေညာမှာဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေဟာ သူနာပြုသိပ္ပံ ၄ နှစ် သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်ရမှာဖြစ်သလို အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာရက္ခပြည်သူ့တော်လှန်တော်လှန်ရေးအစိုးရရဲ့ ဌာနတခုမှ ဝန်ထမ်းဖြစ်လျှင်လည်း သက်ဆိုင်ရာ ဌာနအကြီးအကဲ ခွင့်ပြုချက် ပါရှိရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Related posts

ခုခံစစ်ကလွဲပြီး ၁လ ထိုးစစ် ရပ်နားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

Rakhita Times

ရက္ခိုင်အဆိုတော် ALPHA ကို စကမ ဖမ်းဆီး(Breaking News)

Rakhita Times

ရက္ခိုင်သမိုင်း နဲ့ ရူပဗေဒပညာရှင် ဆရာကြီးဦးစံသာအောင်ရဲ့ကြေးရုပ်တု ရန်ကုန်တက္ကသိုလ်တွင်ထားရှိ

Rakhita Times

Leave a Comment