NewsPolitic

ကပစ (၁၆) အနီး ကာကင်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၁ ​ဖေ​ဖော်ဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ အနီးရှိ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်က ​ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီလဆန်းပိုင်းမှာ ထပ်သိမ်းလိုက်တာ တိုက်ပွဲက တောက်လျောက်ကို ပြင်းထန်နေတယ်။ နေ့တိုင်းကို ချနေတာ” လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့လည်း ကပစ ၁၆ မကျဆုံးစေရေးအတွက် လေယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုပြီး လေကြောင်းပစ်ကူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုခဲ့ပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မသုန်ရွာမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကပစ စခန်းတွေအတွက် အရေးပါတဲ့ ကပစ ၁၆ လက်အောက်ခံ ပွိုင့် ၆၆၆ စခန်းကုန်းကို ဇန်နဝါရီလ ၂၈ ရက်က ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

Related posts

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစု ၁၅၀ နီးပါး AA ပြန်လွှတ်ပေး

Rakhita Times

ကျောက်ဖြူလေဆိပ်ကို ဂျိုင်ရိုကော်ပတာ များစွာရောက်ရှိနေ

Rakhita Times

ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံး/ဒဏ်ရာရခဲ့တဲ့ ပလက်ဝဒေသခံတွေကို AA က ငွေကျပ် ၂၀၃ သိန်း ထောက်ပံ့

Rakhita Times

42 comments

Leave a Comment