NewsPolitic

ပွိုင့် ၂၂၇ က ထွက်ပြေးတဲ့ တပ်သားအလောင်းနဲ့ လက်နက်ခဲယမ်း AA ထပ်မံ ရရှိ

အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၂၇ ကုန်းက ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်က ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ပွိင့် (၂၂၇) ကုန်းက ထွက်ပြေးနေတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက တပ်သားတွေကို လိုက်လံ ချေမှုန်းနေတယ်လို့လည်း အာရက္ခတပ်တော်ကထုတ်ခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်မှာ ရန်သူ့လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နဲ့ ရန်သူ့အလောင်းအချို့တို့ကို ထပ်မံ သိမ်းဆည်းရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်က “ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မိမိတို့ သိမ်းပိုက်ထားတဲ့ ကုန်းများနဲ့ တိုက်ပွဲ ဖြစ်ပွားရာ နေရာတွေကို ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခြင်း၊ ဒရုန်းများနဲ့ တိုက်ခိုက်ခြင်း၊ အဝေးက လက်နက်ကြီးများနဲ့ ပစ်ခတ်မှုများကို ဆက်တိုက် ပြုလုပ်နေတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရတပ်ဟာ ဇူလိုင်လ ၅ ရက်က ရေကြည်မြို့နယ်တွင် အာရက္ခတပ်တော် ရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်အပြီးမှာ ယခုလို ရွေးတုအစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

သံတိုင်ကြားက ဝိုးတဝါးအတွေး

Rakhita Times

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ရှောင် ၂ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ

Rakhita Times

နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ယနေ့ ငလျင်အသင့်အတင့် ၆ ကြိမ်လှုပ်ခတ်

Rakhita Times

Leave a Comment