BusinessEducationEnvironmentHealthNewsPolitic

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းပြီး မိုးကာများနဲ့ ဟင်းမျိုးစေ့များ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပါတီ၊ မီးသတ်၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ HDCO၊ လူငယ်စင်တာ၊ DLEPS စတဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျား ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့များ ထောက်ပံ့ပေးခြင်းတွေကို ကွင်းဆင်းလုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဝေးလံခေါင်ဖျား ကျေးရွာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ HDCO အနေနဲ့လည်း အကူညီများ လိုအပ်ပါက တင်ပြတောင်းခံနိုင်ကြောင်းနဲ့ အုပ်ချုပ်ရေး၊ DLEPS နဲ့ ပါတီ စတဲ့ ဌာနဆိုင်ရာ အသီးသီးတို့ကလည်း စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။

ဘူးသီး​တောင်မြို့နယ် လူငယ်စင်တာအဖွဲ့အနေနဲ့လည်း ကျောင်းပြီးပြီးသား လူငယ်များအနေနဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောသင်တန်းများကို လာရောက်သင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ HDCO အပါအဝင် ဌာနဆိုင်ရာ အသီးသီးတို့ပူးပေါင်းပြီး အိမ်သာများ ဆောက်လုပ်ပေးခဲ့ပါသေးတယ်။

Res & Phorto – Golden Era Media

Related posts

CDF – Asho က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို မေးမြန်းခြင်း

Rakhita Times

နတ်ရေကန်ကို စကမ တောင်ခမ်းနဲ့ နှိုင်းယှဉ်ပြောဆို

Rakhita Times

ရက္ခိုင်တွင် မိုးဆက်လက်ကြီးနိုင်၊ ကမ်းရိုးတန်းတလျောက် လှိုင်း ၁၂ ပေထိ မြင့်နိုင်

Rakhita Times

Leave a Comment