NewsPolitic

မောင်တော နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို ပြန်လည်ပြုပြင်နေ

အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ် မောင်တောမြို့နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်ပေးနေတယ်လို့ သိရပါတယ်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ပျက်စီးနေတဲ့ လမ်းများကိုလည်း ပြုပြင်ပေးနေတယ်လို့လည်း သိရပါတယ်။

“ မောင်တောနဲ့ ဘောတူလာရွာအထိဆိုရင် မိုင်အားဖြင့် ၄၀ ကျော်တယ်။ အဲလမ်းမှာ မြစ်လက်တက်တွေကို ဖြတ်ထိုးထားတဲ့ တံတားပေါင်း ၁၀ စင်းကျော် ရှိပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင်ပေးနေတာ”  လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ဖေဖော်ဝါရီလဆန်းကစတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ လမ်းနဲ့ တံတားတွေကို စတင်ပြုပြင်ပေးနေတာလည်း ဖြစ်ပါတယ်။

“ အခုတွေ့နေရတာကတော့ ဖားဝပ်ချောင်းရွာနားက လမ်းမကြီးကို ကတ္တာရာတွေ ပြန်လောင်းပေးနေတယ်။  ပြီးတော့ အောင်ချမ်းသာတံတားကိုတော့ သစ်သားတွေအစား သံပြားတွေနဲ့ အစားထိုး ပြုပြင်နေတာကို တွေ့နေရတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်သွားတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က မစွန့်ခွာခင်တွင် တံတားများကို မိုင်းခွဲဖျက်စီးခြင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းများ ပြုလုပ်ခဲ့လို့ ပျက်စီးနေတဲ့ တံတားများကို ပြန်လည်ပြုပြင်နေရတာလည်း ဖြစ်ပါတယ်။

Related posts

အမျိုးသမီး ၄ ဦးကို အတင်းအဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်၊ ပြစ်ဒဏ်ကို ပြည်သူတွေ ဝေဖန်

Rakhita Times

ရွေးကောက်ပွဲအောင်မြင်မှ နိုင်ငံအနာဂတ်လှပမယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

1 comment

Casino_eokt မတ် 28, 2026 at 1:42 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
Pinco Casino
Игрокам доступны бонусы и специальные предложения.

Reply

Leave a Comment