NewsPolitic

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)

ပလက်ဝခရိုင်အတွင်းရှိ ချင်းလူမျိုးတွေရဲ့ (၇၈) ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက အာရက္ခတပ်တော် ထိန်းချုပ်​နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

(၇၈) ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  အခမ်းအနားတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး ဖတ်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို ချင်းလူမျိုးတွေ၊ ချင်းမျိုးနွယ်စု​ဝင်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ၊ ခရိုင်ပါတီက အကြီးအကဲတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်က ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုတွေအနေနဲ့ အမျိုးသားတန်းတူအခွင့်ရေးနဲ့ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနဲ့​ ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အတူတကွ ပါဝင်တည်ဆောက်ကြဖို့ကိုလည်း ဖော်ပြပါရှိပါတယ်။

Ref & Photo – We Love Paletwa

Related posts

ကုလားတန်မြစ်ဝှမ်း စီမံကိန်းကြောင့် စစ်တွေကို ဦးစားပေး သိမ်းနိုင်

Rakhita Times

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးထပ်မံ ကြဲ၍ နေအိမ်  ၈ လုံးထက်မနည်း မီးလောင် ပျက်စီး

Rakhita Times

KNDF ကို ညီနောင်မဟာမိတ် ဂုဏ်ပြု

Rakhita Times

Leave a Comment