NewsPolitic

“ဝ” က နိုင်ငံတော်ကနေ ခွဲထွက်ဖို့၊ သီးခြား လွတ်လပ်ရေး ကြေညာဖို့ မရှိ

အာရက္ခတိုင်းမ်စ် (၃ ဧပြီ ၂၀၂၆)

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီက “နိုင်ငံတော်ကနေ ခွဲထွက်ခြင်း၊ သီးခြားလွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည်ထားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်မှုအပေါ် ပေးပို့ခဲ့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက ဒီကနေ့ ဧပြီလ ၃ ရက်နေ့မှာ အဲဒီ သဝဏ်လွှာကို ပေးပို့ခဲ့တာပါ။

“ဝ” ပြည်နယ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

“ဝ” ပြည်နယ်ဟာ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လျှောက်လှမ်းဖို့ စွဲမြဲစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကိုလည်း ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

ပြည်ထောင်စု နိုင်ငံတော်ရဲ့ မူဘောင်အောက်မှာ ပြည်ထောင်စုအစိုးရနဲ့ ဆက်လက် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှုကတဆင့် မိမိတို့ရဲ့ နိုင်ငံရေးဆန္ဒတွေကို အကောင်အထည်ဖော်သွားကာ ပြည်‌ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအောက်တွင် နိုင်ငံတော်ဟာ ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းရင်းသား၊ ပြည်သူအားလုံး သာယာဝပြောမှုတို့ကို အမြန်ဆုံး ရရှိလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း “ဝ” က ပြောဆိုထားပါတယ်။

Related posts

ငါးသိုင်းချောင်းတွင် စစ်ကောင်စီ ခံစစ်ပြင်ဆင်နေ

Rakhita Times

ဧရာဝတီတိုက်ပွဲ လေးမျက်နှာမြို့ထိ ရောက်လာ

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၇ သြဂုတ် ၂၀၂၅)

Rakhita Times

Leave a Comment