NewsPolitic

ကွင်းကောက် စစ်သင်တန်းကျောင်းကို စစ်အင်အား ထောင်ချီဖြည့်ပြီး ရက္ခိုင်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် စကမ ပြင်ဆင်

အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၆)

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်းပြောင်းထားပြီး စစ်အင်အား ထောင်ချီဖြည့်တင်းကာ ရက္ခိုင်ပြည်တောင်ပိုင်းကို စစ်ကော်မရှင်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“သင်တန်းဆင်း သင်တန်းသားအသစ်တွေအပါအဝင် တပ်ပြောင်းခံထားရတဲ့ စစ်သား တထောင်လောက်ကို စစ်ယာဉ်တန်းတွေနဲ့ တတက-၅ ကို ပို့ထားတယ်။ ဂွဖက်ကို ထိုးစစ်ဆင်မယ်လို့ သိရတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧပြီလ တတိယအပတ်ကစတင်ကာ ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်ပြောင်းကာ တပ်ချုပ်သစ် ရဲဝင်းဦးက စစ်အင်အားတွေ ဖြည့်တင်းခိုင်းနေတာလည်း ဖြစ်ပါတယ်။

“အင်္ဂပူ ကွင်းကောက် နယ်မြေခံ တတက ၅ (တမာတောတန်းမြင့်လေ့ကျင့်ရေးကျောင်း) ကနေ နန်ကသူဆည်နောက်ကျောကနေ တဆင့် ဂွမြို့နယ် အတွင်းသို့ ဦးတည်လာနေတဲ့ စစ်ကြောင်း အခြေအနေကတော့ သတင်းပျောက်ဆုံးနေဆဲ ဖြစ်ပေမယ့် အာရက္ခတပ် ရဲ့ တပ်အစိတ်အစိတ်အပိုင်းတချို့ဟာ ဂွမြို့နယ် အတွင်းထိ ပြန်လည်ရွှေ့ပြောင်းပြီး ခံစစ်ပြင်ဆင်နေရတာကို တွေ့ရပါတယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။

စစ်ကော်မရှင်ဟာ ဧပြီလ ဒုတိယပတ်ကစတင်ပြီး ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူဒေသများကို ပုသိမ်အခြေစိုက် နတခ လက်အောက်ခံတပ်များ၊ ဖျာပုံ ခလရ (၉၈)၊ ဓနုဖြူ ခလရ (၁၀၈)၊ တပ်မ ၆၆ လက်အောက်ခံ ခလရ (၁၄)၊ ဟင်္သာတ ခလရ (၁၈) က စစ်အင်အားတွေ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ကွင်းကောက်မြို့ဟာ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင်တည်ရှိပြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်က မြို့နယ်ခွဲ မြို့တမြို့လည်း ဖြစ်ပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၁)

Rakhita Times

စကမက ကျန်ဒေသတွေထက် ရှမ်းမြောက်ကိုပဲ အဓိကအာရုံစိုက်နေ

Rakhita Times

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

211 comments

Leave a Comment