HealthNewsPolitic

ဧရာဝတီတိုက်ပွဲက စကမ ရဲ့ ဒဏ်ရာရ တပ်သားတွေကို ပုသိမ်အပြင် ကွင်းကောက်တွင်ပါ ဆေးကုသပေးနေရ

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆)

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ဒဏ်ရာရရှိခဲ့တဲ့ စစ်ကော်မရှင်ရဲ့ တပ်သားတွေကို ပုသိမ်မြို့အပြင် ကွင်းကောက်မြို့ကိုပါ ပို့ဆောင်ပြီး ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။

“ပုသိမ်က နတခ ပေါ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ကုတင် ၃၀၀ ဆေးရုံမှာ လူနာတွေများတော့ မနိုင်တော့ဘူး။ အဲတော့ ကွင်းကောက်နဲ့ နီးတဲ့ လေးမျက်နှာနဲ့ အင်္ဂပူက ဒဏ်ရာရတဲ့သူတွေဆို ပုသိမ်က လက်မခံဘဲ ကွင်းကောက်ကို ပို့ခိုင်းတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ် မေလ ၁၂ ရက်က ဧရာဝတီတိုင်း ပုသိမ်ခရိုင် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကုတင် (၃၀၀) ဆေးရုံ (မဆရ-၄) တွင် ဆေးဝါးကုသမှု ခံယူနေတဲ့ စစ်ကော်မရှင်က ဗိုလ်အဆင့်ရှိသူတဦး ဆေးကုသရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။

“စစ်ကောင်စီ အရာရှိက ဧရာဝတီ စစ်မြေပြင်မှာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားလို့ မနေ့က (၁၃ မေ) နေ့လည် ၁ နာရီခွဲ လောက်မှာ ရွှေမြင်တင်သုသာန်  မီးသင်္ဂြိုလ်စက်ကို ပိုဆောင်သင်္ဂြိုလ်သွားတယ်” လို့ ပုသိမ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း၊ အင်္ဂပူ၊ လေးမျက်နှာ စတဲ့မြို့နယ်တွေမှာ အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်ပြောင်းပြီး စစ်အင်အား ထောင်ချီဖြည့်တင်းကာ ရက္ခိုင်ပြည်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခထီ (လောင်ပေါ်) စတင်ရောင်း၊ ထီ (လောင်ပေါ်) ထိုးသူ များပြား

Rakhita Times

အစိုးရသစ်က တစုံတစ်ရာ အသက်ရှူချောင်နိုင်ပေမယ့် ထင်သလောက် မလွယ်ကူ

Rakhita Times

အမ်းကို ရိက္ခာပို့မယ့် ကား၃စီးကို ခြုံခိုမိုင်းဆွဲ၊ စကစ ၉ ဦးသေ ရိက္ခာကား ၂ စီး ပျက်စီး

Rakhita Times

138 comments

Leave a Comment