BusinessNewsPolitic

ရက္ခိုင်ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားနိုင်ငံသား ၇ ဦးကို AA ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁ မေ ၂၀၂၆)

ရက္ခိုင်ပြည်ပိုင် ရေပိုင်နက်ထဲကို ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို ဧပြီလ ၃၀ ရက် မနက်ပိုင်းတွင် အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“ငါးခိုးဖမ်းနေတာက အားလုံး ၇ စီး၊ ၂ စီးနဲ့ လူ ၇ ယောက်တော့ ဖမ်းမိလိုက်တယ်။ ကျန် ၅ စီးကတော့ ဘင်္ဂလားပိုင်ရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

ရက္ခိုင်ရေပိုင်နက် ကမ်းစပ်ကနေ မီတာ ၇၉၀ ခန့်အကွာတွင် ငါးခိုးဖမ်းနေတဲ့ လူ ၃ ဦးပါရှိတဲ့ ငါးဖမ်းလှေ ၁ စီးကို ဧပြီလ ၃၀ ရက် မနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် လူ ၄ ယောက်ပါ ငါးဖမ်းလှေ ၁ စီးကိုတော့ ရက္ခိုင်ရေပိုင်နက် ကမ်းစပ်ကနေ ၁.၃၆ ကီလိုမီတာခန့်အကွာတွင် အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဖမ်းဆီးထားတဲ့ ငါးဖမ်းလှေ ၂ စီးနဲ့ ငါးခိုးဖမ်းသမား ၇ ဦးကို တရားဥပဒေအညီ စစ်ဆေးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသလို အရေးယူမှု ကာလပြီးဆုံးသူတွေကိုလည်း ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Related posts

ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို စကမ ဗုံးကြဲမှု ပြည်သူ ၇ ဦးသေ၊ ၄ ဦး ဒဏ်ရာရလို့ AA ထုတ်ပြန်(သေဆုံးသူထဲတွင် အရွယ်မရောက်တဲ့ ကလေး ၄ ဦး ပါဝင်ပြီး ဒဏ်ရာရသူထဲတွင် လသားအရွယ်နဲ့ ၅ နှစ်ကလေး ပါဝင်)

Rakhita Times

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ်ကို AA သတိပေး

Rakhita Times

မင်းတုန်းကနေ ရက္ခိုင်ကို အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်ရန် ရွေးတုတပ် ပြင်ဆင်နေ

Rakhita Times

196 comments

Leave a Comment