EnvironmentNewsPolitic

ရက္ခိုင်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၇ ပေထိ ရှိနိုင်ပြီး ၁ ပတ်လုံး လှိုင်းကြီးနိုင်

အာရက္ခတိုင်းမ်စ် (၁၆ မေ ၂၀၂၆)

ရက္ခိုင်ပြည်က ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပြင်တွင် လှိုင်းအမြင့်မှာ ၅ ပေကနေ ၇ ပေ အထိ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

“ လှိုင်းအမြင့်မှာ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေကနေ ၇ ပေခန့် အထိ ရှိနိုင်ပါတယ်” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် သက်ရောက်မဲ့ မိုးလေဝသအခြေအနေ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းစနစ် တရွေ့ရွေ့ အားကောင်းလာခြင်းနဲ့ မုတ်သုံလေ ပင့်တင်ပေးခြင်းတို့ကြောင့် ခန့်မှန်းကာလ မေလ ၁၆ ရက်ကနေ ဇွန်လ ၁ ရက် အတွင်း မြန်မာနိုင်ငံတဝှမ်း ရာသီဥတု သိသိသာသာ ပြောင်းလဲလာပါမယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

“ မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ ရက္ခိုင်တွင် အနောက်တောင်မုတ်သုံလေ တိုက်ရိုက်ဝင်ပေါက် ဖြစ်လာလို့ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ကမ်းရိုးတန်းတလျှောက် လေအရှိန် ပြင်းထန်မှာဖြစ်ပြီး ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျခြင်းနဲ့ လှိုင်းကြီးခြင်းများ သီတင်းပတ်တခုလုံး ဆက်တိုက် ဖြစ်ပွားနိုင်တယ်” လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။

အလားတု မေလ ၂၂ ရက် ကနေ မေလ ၂၆ ရက် တဝိုက်တွင် ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ မုတ်သုံမုန်တိုင်းငယ် ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်တိသတိထားရမည့် ကရင့်သမိုင်းတော်လှန်ရီး__________________________________________

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၆ သြဂုတ် ၂၀၂၅)

Rakhita Times

ရွေးကောက်ပွဲ စစ်ကောင်စီပြောတာ အာမခံချက် ရရှိထားတာကြောင့် ဖြစ်နိုင်

Rakhita Times

Leave a Comment