NewsPolitic

ကပစ ၁၆ တပ်မိသားစုများ စစ်ဘေးရှောင်ဘဝရောက်နေရ

အာရက္ခတိုင်းမ်စ် (၁၇ မေ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်မိသားစုဝင်တွေဟာ စစ်ဘေးရှောင်ဘဝ ရောက်နေကြပြီလို့ ဒေသခံတွေက ဆိုပါတယ်။

“AA က ကပစ ၁၆ မှာရှိတဲ့ ပွိုင့် ၅၀၀ ဗျူဟာကုန်းက ကာကင်း ၄ ခု သိမ်းလိုက်ပြီးတော့နောက်ပေါ့ မေလ ၁၄ ရက်လောက်ကစပြီးတော့ ကပစ ၁၆ က တပ်မိသားစုတွေ စစ်ရှောင်နေကြတယ်။ ကေတုမတီအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စစ်ရှောင်သွားကြပြီ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံက တပ်မိသားစုဝင်တွေဟာ စစ်ဘေးရှောင်နေကြလို့ ပန်းတောင်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ခွင့်ယူပြီး နေရပ်ပြန်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“ပန်းတောင်းမှာလည်း အစိုးရဝန်ထမ်းတွေ တော်တော်လေးကို လှုပ်လှုပ်ခက်ခက်ဖြစ်နေကြပြီ။ တချို့လည်း ခွင့်ယူပြီး အိမ်ပြန်တာတွေ ရှိနေတယ်။ ဆရာ၊ ဆရာမတွေတော့ ကျောင်းကလည်း ဖွင့်တော့မှာဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိဘူးဖြစ်နေတယ်။ ပြည်သူတွေကတော့ နားစွင့်နေထိုင်နေကြတာပေါ့” လို့ ပန်းတောင်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ မကွေးနဲ့ ပဲခူးမှာရှိတဲ့ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ် စက်ရုံတွေဖြစ်တဲ့ ကပစ တွေကိုလည်း ပူးပေါင်းမဟာမိတ်တွေနဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံး ၄ လုံး ချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

ကြံတစ်တန်ကို ငွေကျပ် ၂ သိန်းအထိ စံချိန်တင် ဈေးတိုးမြှင့်လာ

Rakhita Times

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

178 comments

Leave a Comment