အာရက္ခတိုင်းမ်စ် (၃၀ မေ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး ရွေးတုအစိုးရရဲ့ စစ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိတာ များပြားနေလို့ စစ်ဆေးရုံတွေ တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
“ အစကတော့ စနဲနဲ့ ရမ်းဗြဲဖက်ကို စစ်ကြောင်းထိုးနေတာ၊ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရတာတွေ များပြားလာလို့ အခုတော့ အဝတောင်ကနေပဲ ခံပစ်နေတာ။ တော်တော်ကို အထိနာနေလို့ စစ်သင်္ဘောနဲ့ ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းကို ဒဏ်ရာရသူတွေကို ပို့ပြီး ဆေးကုပေးနေတယ်” လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကျောက်ဖြူမြို့ စနဲမြို့ထိုးစစ်တိုက်ပွဲတွင် စစ်ကော်မရှင် တပ်သား ၁၀၀ ကျော် ကျတယ်လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို မေလ ၁၈ ရက်က ပြောပါတယ်။
ရွေးတုအစိုးရက မဒေးကျွန်းမှာ စစ်ဆေးရုံတိုးချဲ့ဖွင့်လှစ်နေပြီး ခလရ ၃၄ တပ်ရင်း၊ ခမရ ၅၄၂ နဲ့ ခမရ ၅၄၃ မှာလည်း ဆေးရုံဖွင့် ကုသပေးနေတယ်လို့ သိရပါတယ်။
“ ကျောက်ဖြူဆေးရုံကြီးကိုတော့ တခါတလေမှပဲ ပို့တော့တယ်။ ခုနောက်ပိုင်း မဒေးကျွန်းကို ပို့တာများတယ်။ သူတို့ သေတာ၊ ထိခိုက်နေတာကို မြို့ခံတွေကို မသိစေချင်လို့ နေမှာပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင် နေကြရပါတယ်။

3 comments
References:
Northern lights casino https://xypid.win
iq test iq test
http://verkot.es/
El equipo de Verkot se consolida como una agencia especializada orientada al publico en Espana, que proporciona servicios de calidad a empresas y particulares, destacandose por en la atencion personalizada. Mas informacion aqui.