NewsPolitic

မင်းတုန်းကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို AA ဒရုန်းနဲ့တိုက်ခိုက် ထိခိုက်ဒဏ်ရာရသူများပြား

အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆)

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ကနေ ရက္ခိုင်ရိုးမကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို ဇွန်လ ၂၁ ရက်တွင် အာရက္ခတပ်တော်က ဒရုန်းနဲ့ တိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးရင်းနဲ့ ခဏနားဖို့ ယာယီစခန်းလုပ်ထားပါတယ်။ သဖန်ရောင်နဲ့ ဝက်ကော်ရွာနားမှာပါလေ။ အဲဒီ ယာယီစခန်းကို တပ်တော်က ဒရုန်းနဲ့တိုက်ခိုက်တာလေ။ သိရသလောက်တော့ ထိခိုက်ဒဏ်ရာရသူတွေ တော်တော်လေးကို များပါတယ်။ မင်းတုန်းဆေးရုံကို ပို့ပြီး ဆေးကုပေးနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

အဆိုပါ ရက္ခိုင်နယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ ရွေးတုအစိုးရ စစ်ကြောင်းနဲ့ ဇွန်လ ၁ ရက်ထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရတပ်ဖက်က အလောင်း ၂၀ ကျော်ရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်မြို့နယ် အခြေစိုက် အမှတ် ၄၄ ခြေလျင်တပ်ရင်း၊ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ မကွေးမြို့နယ် အခြေစိုက် တပ်မ ၈၈ နဲ့ ပြည်မြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေနဲ့ ရက္ခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။

Related posts

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

Rakhita Times

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

သံတွဲ၊ အမ်း၊ ရမ်းဗြဲနဲ့ စစ်တွေတွင် မိုးသည်းထန်စွာရွာခြင်းနဲ့ မုန်တိုင်းဆန်တဲ့ လေပြင်း ကျရောက်နိုင်

Rakhita Times

140 comments

Leave a Comment