NewsPolitic

စစ်ရေးရှုံးနိမ့်နေတဲ့ မင်းတုန်းဘက်ကို စစ်ကောင်စီ တပ်မ ၅၅ အင်အားဖြည့်

အာရက္ခတိုင်းမ်စ် (၇ နိဝင်ဘာ ၂၀၂၆)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်း၊ ရက္ခိုင်ရိုးမအစပ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေပြီး နိုဝင်ဘာလ ၅ ရက်မှာ စစ်ကောင်စီရဲ့ တပ်မ ၅၅ အင်အားဖြည့်တပ်ဖွဲ့တွေ စစ်ယာဉ်တန်း ၄၇ စီးနဲ့ ဝင်ရောက်လာတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းမှာ အောင်လံဘက်ကမ်းကနေ ဇက်ရေယာဉ်တွေနဲ့ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်း ၄၇ စီးနဲ့ အင်အား ၃၀၀ ခန့်က ခလရ (၄၄) ကို ခေတ္တဝင်ရောက်အခြေပြုပြီးနောက် မင်းတုန်းမြို့အတွင်းကို ဆက်လက် ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေလို့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) က ပါရာမော်တာ (Paramotor) ၃ စီးနဲ့ ဗုံးသီး ၆ လုံး ကြဲချခဲ့တယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက် နံနက် ၁၁ နာရီဝန်းကျင်မှာလည်း ချင်းနစ်ကျေးရွာကို ပါရာမော်တာ ၂ စီးနဲ့ ဗုံး ၄ လုံးကြဲချလို့ ပြည်သူ့နေအိမ် ၄ လုံး ပြိုကျ ပျက်စီးခဲ့ပါတယ်။

ပဒါန်းတပ်နယ်၊ ဆုံကုန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကလည်း ပါရာမော်တာ ၁ စီးနဲ့ ပဒါန်းတပ်နယ်အတွင်း ပျံသန်းလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၆)

Rakhita Times

ပဲခူးတိုင်းက AA သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းများအာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၅)အာရက္ခတပ်တော် က ပဲခူးတိုင်းအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တေွကို ဗိုလ်ချုပ်ထွန်းမြတ်နို်င်က သူရဲ့ twitter တွင် ဖော်ပြထားပါတယ်။

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် AA ကို မူးယစ်မှောင်ခို အဖွဲ့အဖြစ် စကမ စွပ်စွဲ

Rakhita Times

Leave a Comment