NewsPolitic

မနှင်းနှင်းဝေအမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများ တောင်းဆို

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က မနှင်းနှင်းဝေအမှုအတွက် တရားခံကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများကတောင်းဆိုချက် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုချခဲ့ကြပြီး မျိုးချိုက်လူငယ်ပရဟိတအသင်းများရဲ့ အဖွဲဝင်များဖြစ်တဲ့ ရက္ခိတဂုဏ်ရောင်ပရဟိတအသင်း၊ ရမ္မာဝတီဇာမဏီပရဟိတအသင်း၊ စိုင်ခြုံပရဟိတအသင်း၊ ရမ္မာမြီပရဟိတ (ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့)၊ စေတနာအာရက္ခပြည်သူအကျိုးပြုဆီးခန်းရံပုံငွေတည်ဆောက်ရေးအသင်း၊ ကံ့ကော်မြီပရဟိတအသင်း (ဂုံးချွိန်)၊ ပေါက်နက်ချေကျေးရွာဖွံ့ဖြိုးရေးအလင်းရောင်အသင်း၊ ပြည်ပရောက်ကြောင်ခိုလူငယ်အသင်း၊ အားမာန်နှင့်ချီတက်ကတ်မေကပ်သပြေကျေးရွာမျိုးချိုက်လူငယ်ပရဟိတအသင်း နဲ့ Arakan Community Mae Sot တို့မှ တရားမျှတမှု‌ ဖော်ဆောင်ပေးဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်များရဲ့ လုံခြုံရေးနဲ့ နောင်အနာဂတ်မှာ ယခုလို မဖြစ်ပွားစေရေး စတဲ့ အချက်တွေကို ထည့်သွင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၇ မြို့နယ် ပြည်ပရောက် လူငယ်များ အစည်းအရုံးမှလည်း ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ထပ်မဖြစ်စေဖို့ ကာကွယ်ရေး အစီအမံတွေ၊ဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း ဝောာင်းဆိုခဲ့ပါတယ်။

Related posts

မြန်မာမတ်ပဲကို တန်ချိန် ၅ သိန်းအထိ တိုးမြှင့်ဝယ်ယူရန် အိန္ဒိယနိုင်ငံကို ကမ်းလှမ်းထား

Rakhita Times

သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့ စောမြရာဇာလင်း ပြော

Rakhita Times

ကျောက်တော်ကို ဗုံးကြဲလို့ သေဆုံး ထိခိုက်သူ စာရင်း

Rakhita Times

3 comments

Leave a Comment