NewsPolitic

မနှင်းနှင်းဝေအမှုကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများ တောင်းဆို

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က မနှင်းနှင်းဝေအမှုအတွက် တရားခံကို ထိရောက်စွာ အရေးယူပေးဖို့ ပရဟိတအသင်းများနဲ့ အစည်းအရုံးများကတောင်းဆိုချက် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုချခဲ့ကြပြီး မျိုးချိုက်လူငယ်ပရဟိတအသင်းများရဲ့ အဖွဲဝင်များဖြစ်တဲ့ ရက္ခိတဂုဏ်ရောင်ပရဟိတအသင်း၊ ရမ္မာဝတီဇာမဏီပရဟိတအသင်း၊ စိုင်ခြုံပရဟိတအသင်း၊ ရမ္မာမြီပရဟိတ (ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့)၊ စေတနာအာရက္ခပြည်သူအကျိုးပြုဆီးခန်းရံပုံငွေတည်ဆောက်ရေးအသင်း၊ ကံ့ကော်မြီပရဟိတအသင်း (ဂုံးချွိန်)၊ ပေါက်နက်ချေကျေးရွာဖွံ့ဖြိုးရေးအလင်းရောင်အသင်း၊ ပြည်ပရောက်ကြောင်ခိုလူငယ်အသင်း၊ အားမာန်နှင့်ချီတက်ကတ်မေကပ်သပြေကျေးရွာမျိုးချိုက်လူငယ်ပရဟိတအသင်း နဲ့ Arakan Community Mae Sot တို့မှ တရားမျှတမှု‌ ဖော်ဆောင်ပေးဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်များရဲ့ လုံခြုံရေးနဲ့ နောင်အနာဂတ်မှာ ယခုလို မဖြစ်ပွားစေရေး စတဲ့ အချက်တွေကို ထည့်သွင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၇ မြို့နယ် ပြည်ပရောက် လူငယ်များ အစည်းအရုံးမှလည်း ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ထပ်မဖြစ်စေဖို့ ကာကွယ်ရေး အစီအမံတွေ၊ဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း ဝောာင်းဆိုခဲ့ပါတယ်။

Related posts

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း စကမ အသိပေး

Rakhita Times

ရက္ခိုင်တွင် AA က ART ဆေး နဲ့ TB ဆေး အခမဲ့ဖြန့်ဝေ

Rakhita Times

ရွှေသောင်ယံမြို့အနီးတွင် စစ်ကောင်စီနဲ့ AA နဲ့ မိတ်ဖက် PDF တိုက်ပွဲဖြစ်

Rakhita Times

Leave a Comment