NewsPolitic

အမ်းမြို့နယ် တလိုင်းတောင်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် အမ်းမြို့နယ် တလိုင်းတောင်ကျေးရွာကို ‌ရွေးတုအစိုးရက သြဂုတ်လ ၈ ရက် ည ၉ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ရွေးတုအစိုးရက ကြဲချ တိုက်ခိုက်ခဲ့တဲ့ ဗုံး ၂ လုံးဟာ တလိုင်းတောင်ကျေးရွာက ကိုအောင်ပိုင် မိသားစု ပိုင်ဆိုင်တဲ့ ကားဝပ်ရှော့နဲ့ အနီးပတ်ဝန်ကျင်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ကားဝပ်ရှော့ အလုပ်သမားဖြစ်သူ အသက် ၂၃ နှစ်အရွယ် မောင်ညဏ်နဲ့ ကားဝပ်ရှော့ပိုင်ရှင် ကိုအောင်ပိုင်ရဲ့ မိခင်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဒေါ်မလေးငယ်တို့ နှစ်ဦးဟာ ပွဲချင်းပြီး သေဆံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ကိုအောင်ပိုင်ရဲ့ ဇနီး၊ သမီး အပါအဝင် ကားဝပ်ရှော့တွင် အလုပ်လုပ်ကိုင်နေတဲ့ မောင်ထွန်းထွန်းဝင်းတို့ သုံးဦးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုအောင်ပိုင်ရဲ့ ကားဝပ်ရှော့ဆိုင်တွင် လာရောက် ပြင်နေတဲ့ ကား ၅ စီးလည်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။ ထိတ်လန့်စရာ ဓာတ်ပုံများ ပါဝင်ပါတယ်။

Related posts

ကျောက်တော်တွင် ၉ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

ရက္ခိုင်တိသတိထားရမည့် ကရင့်သမိုင်းတော်လှန်ရီး__________________________________________

Rakhita Times

ရေကြည်တွင် AA နဲ့ တိုက်ခိုက်နေတဲ့ ရွေးတုအစိုးရတပ်သားတွေအတွက် အရပ်သားတွေဆီက ရိက္ခာဖိုး အတင်းအဓမ္မ ငွေကြေးကောက်ခံနေ

Rakhita Times

Leave a Comment