NewsPolitic

သံတွဲမြို့ပေါ်ကို ဂျက်ဖိုက်တာ ပျံဝဲနေ၊ လေယာဉ်ရန်ကြောင့် နေ့နဲ့ည မှားအိပ်နေရ

အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်ရဲ့ ဂျက်ဖိုက်တာတွေဟာ ဒီကနေ့ နေလည် ၁ နာရီကျော်က စတင်ပြီး ပျံဝဲနေတယ်လို့ သိရပါတယ်။

“သံတွဲနယ် တနေရာပေါ်တွင် တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး  ပျံဝဲနေပြီး သံတွဲနယ် တနေရာပေါ်တွင် တံတားဦးလေတပ်တက် ၂စီး မြောက် ဂျက်ဖိုက်တာ ၁စီး  ပျံဝဲနေတယ်” လို့ ဝေဟင်အဖွဲ့က ဆိုပါတယ်။

လက်ရှိမှာတော့ သံတွဲခရိုင်၊ ငပလီမြို့ ဂျိတ်တော်ရပ်ကွက်နေ ပြည်သူအချို့ဟာ ရွေးတုအစိုးရရဲ့ လေကြောင်းနဲ့ နေဗီရန်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ရှောင်တဲ့သူတွေလည်း ရှောင်ကြတယ်။ ကျနော်တို့ကတော့ မရှောင်တော့ဘူး။ ထပ်ပြီးတော့လည်း အဆုံးရှုံးမခံနိုင်တော့ဘူး။ အခုတော့ ဒီကလူတွေက နေ့နဲ့ ညနဲ့ မှားနေကြပြီ။ နေ့ဖက်ကို အိပ်ပြီး ညဖက်ကျ အသံနားထောင်နေရတယ်။ အိပ်ကောင်းကောင် မအိပ်ရတာ လချီနေပြီ” လို့ ငပလီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ကျိန္တလီ၊ ဝီရဌာနီ (ပေါက်တော) နဲ့ ပုဏ္ဏားကျွန်း-စစ်တွေမြို့အစပ် နေရာတွေနဲ့ အရပ်သားပြည်သူမျာရှိရာ မြို့၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများကို လေကြောင်းကနေ အုပ်စုလိုက် နေ့ည အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း ပင်လယ်ပြင်တွင် တပ်စွဲထားတဲ့ စစ်သင်္ဘော‌ပေါ်ကနေ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

Rakhita Times

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

Rakhita Times

ရက္ခိုင်တွင် မိုးဆက်လက်ကြီးနိုင်၊ ကမ်းရိုးတန်းတလျောက် လှိုင်း ၁၃ ပေထိ မြင့်နိုင်

Rakhita Times

1 comment

Leave a Comment