HealthNewsPolitic

ငှက်ဖျားအဖြစ်များနေတဲ့ ရွာ ၃ ရွာနဲ့ စစ်ရှောင်စခန်း ၂ ခု ကို ULA မြေပြင်ဆင်း ကုသပေးနေ

အာရက္ခတိုင်းမ်စ် (၂၈ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေခရိုင်အတွင်း ငှက်ဖျား‌ရောဂါ အဖြစ်များနေတဲ့ ကျေးရွာ ၃ ရွာနဲ့ စစ်ရှောင်စခန်း ၂ ခုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သြဂုတ်လ ၁၇ ရက်ကနေ ၂၁ ရက်အထိ မြေပြင်ဆင်း အခမဲ့ ကုသပေးခဲ့တယ်လို့ သိရပါတယ်။

“ရွာ ၃ ရွာနဲ့ စခန်း ၂ ခုက ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူ ၆၀၀ နီးပါးကို ဆေးကုသပေးခဲ့ပြီး ကျန်းမာရေး အသိပညာပေးတွေပါ လုပ်ဆောင်ပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူ မျက်စိဝေဒနာရှင် ၆၇၈ ဦးကိုလည်း သြဂုတ်လ ဒုတိယအပတ်က သွားရောက် စမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မျက်စိ ခွဲစိတ်ကုသပေးခြင်းနဲ့အတူ မျက်မှန် တပ်ဆင်ရန် လိုအပ်နေတဲ့ စစ်ရှောင်ပြည်သူ ၉၆ ဦးကိုလည်း မျက်မှန်တပ်ဆင်ပေးရန် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အလားတူ မေလ တတိယအပတ်ကလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိဝေဒနာရှင် ၂၂၃ ဦးကို ကုသမှုပေးခဲ့ပြီး အဆိုပါသူထဲမှ မျက်စိအတွင်းတိမ်လူနာ ၃၃ ဦး၊ မျက်သားခြစ်လူနာ ၅ ဦးနဲ့ ပါဝါမျက်မှန်တပ်လူနာ ၂၁ ဦး စုစုပေါင်း ၅၉ ဦးကို ဒုတိယအကြိမ် ကုသပေးခဲ့တယ်လို့ သိရပါတယ်။

Related posts

စကမ ဖမ်းဆီးထားတဲ့ ရက္ခိုင်လူငယ်တွေကို AA နဲ့ တိုက်ခိုက်ရန် ရှေ့တန်းပို့ဆောင်နေ

Rakhita Times

ကျောက်ကလေရွာကို စကမ ဗုံးကြဲ အမျိုးသမီး ၂ ဦး သေဆုံး၊ နေအိမ်အချို့ ပျက်စီး

Rakhita Times

ပလက်ဝ စိမ်းညှင်းဝ ဗုံးကြဲခံရမှုတွင် သေဆုံး ထိခိုက်သူတွေကို ULA ထောက်ပံ့

Rakhita Times

Leave a Comment