BusinessNewsPolitic

Kpay level 2 မမြှင့်ထားတဲ့အကောင့်တွေကို ဖျက်ပစ်မယ်လို့ သတင်းထွက်

အာရက္ခတိုင်းမ်စ် (၃၁ ဩဂုတ် ၂၀၂၆)

ကမ္ဘောဇဘဏ်ရဲ့ KBZpay အသုံးပြုသူတွေမှာ Level 2 အထိ အဆင့်မမြှင့်ထားတဲ့ အကောင့်တွေကို ဖျက်ပစ်မှာဖြစ်တယ်လို့ ဘဏ်ဝန်ထမ်းတွေထံက သိရပါတယ်။

အဆင့် ၂ အောက်ရှိတဲ့ အကောင့်တွေကို ယာယီ ပိတ်ပင်ထားမှာဖြစ်ပြီး နီးစပ်ရာ ဘဏ်ခွဲတွေမှာ အဆင့် မြှင့်တင်နိုင်သေးတယ်လို့ KBZpay မှာ လုပ်ကိုင်နေသူ တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“1.5 တွေ ဖျက်မှာလို့တော့ ပြောတော့ ပြောတယ်။ ဒါပေမယ့် ဖျက်မယ်ဆိုတာက ဟိုဒင်းဖြစ်မှာတော့ မဟုတ်ပါဘူး။ ဘယ်လိုပြောရမလဲ ခဏ HOLD ထားမယ်။ အဲဒါကို လာပြီးတော့ ဆက်လုပ်။ ကြေညာထားတာတော့ ဖျက်မယ်လို့ ကြေညာထားတာပဲ။ ခဏ HOLD ထားမှာပေါ့ သုံးလို့တော့ မရဘူးပေါ့။ အရင်တုန်းက 1.5 က သုံးလို့ရပေမယ့် အခုကတော့ HOLD ထားမယ် သုံးလို့ ရမှာမဟုတ်ဘူး။ ပြီးတဲ့အခါ LEVEL 2 ပြန်ပြောင်းရင် ပြောင်း။ မပြောင်းရင် အမတို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လာပြီးတော့ LEVEL 2 မတင်ရင် အကောင့်ပိတ်မယ်။ ပိုက်ဆံရှိတယ်ဆို ပိုက်ဆံလာပြန်သွင်း ပြီးရင် အကောင့်ပိတ်မယ်။ ပြီးမှ အကောင့်အသစ် ပြန်ဖွင့်ပြီး သုံးချင်သုံး အဲဒီလို ပုံစံမျိုး ဖြစ်သွားမှာ” လို့ သူက ပြောပါတယ်။

ဘာအတွက်ကြောင့် အခုလို လုပ်တယ်ဆိုတာကို တိတိကျကျ မသိရှိရပေမယ့် ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့လည်း သိရပါတယ်။

အဆင့် ၂ ကို မမြှင့်ဘူးဆိုရင် အကောင့်ပိတ်သိမ်းမှာဖြစ်ပြီး အကောင့်အသစ် ပြန်ဖွင့်ခဲ့ပါက အရင်သုံးနေကြ ဖုန်းနံပါတ်နဲ့ ပြန်လည်ဖွင့်လှစ်လို့ မရတော့ဘူးလို့ သိရကြောင်းလည်း ကမ္ဘောဇဘဏ် ဝန်ထမ်းတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“2 ကိုတင်ရင် ဘာမှ မဖြစ်ဘူး။ မတင်ဘူးဆိုရင်တော့ ဖျက်မှာပေါ့။ အသစ် ပြန်ဖွင့်ရမှာပေါ့ အဲဒီဖုန်းနံပါတ်နဲ့တော့ မရတော့ဘူး။ ဖျက်မယ်ဆိုတာပဲ သိတာ။ ဘာလို့ဆို ဟိုနေ့က ဘဏ်ခွဲကလူတွေ Tik Tok ဆော့နေတာတွေ့လို့။ ဖျက်မှာတော့ သေချာတယ်။ ဖုန်းနံပါတ်ကတော့ ဘယ်လို ပြန်ဖွင့်လို့ ရလဲ မရလဲဆိုတာတော့ မသိဘူး။ ဖျက်မှာတော့ သေချာတယ် 1.5 ဆိုရင်။ 2 မတင်ရင်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က KBZ Pay၊ Wave Money၊ AYA Pay၊ CB Pay နဲ့ Mobile Banking တွေလို မိုဘိုင်းနဲ့ ငွေသွင်း ငွေထုတ် လုပ်နိုင်တဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို ပြည်ပကနေ အသုံးပြုတာကို ဩဂုတ် ၂၈ ရက်မှာ စတင်ကန့်သတ်ဖို့ စစ်အာဏာရှင်က ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပါတယ်။

Related posts

သံတွဲမြို့အနီး ငလျင်လှုပ်ခတ်၊ ပျက်စီးဆုံးရှုံးမှု မရှိ

Rakhita Times

ရက္ခိုင်တိုက်ပွဲရှောင်များ စားဆီမဝယ်နိုင်တဲ့အတွက် ရေနဲ့ပဲချက်စားနေရ

Rakhita Times

ရက္ခိုင်-ဧရာအစပ် တိုက်ပွဲတွင် စကမတပ်သားများ အလံဖြူထောင် အလင်းဝင်သူများ ဆက်တိုက်ရှိနေ

Rakhita Times

Leave a Comment